ငွေနားတောင်းကြီးတွေ ဝတ်ဆင်ထားတဲ့ ခူမီးအမျိုးသမီများ (ဓာတ်ပုံ)








2.6K
ခူမီး ခေါ် ခမီး လူမျိုးတွေဟာ ချင်းပြည်နယ်တောင်ဘက်စွန်းပိုင်း ပလက်ဝမြို့နယ်မှာ နေထိုင်ကြတဲ့ မျိုးနွယ်စုကြီးဖြစ်ပါတယ်။
ခူမီးအမျိုးသမီးတွေဟာ ရိုးရာအဆင်အလာအတိုင်း ငွေနားတောင်းကြီးတွေကို ဝတ်ဆင်ထားဆဲ ဖြစ်ပါတယ်။ ဒီငွေနားတောင်းတွေတော့ ငယ်စဉ်ကလေးဘဝထဲက စတင်ဝတ်ဆင်လာတာဖြစ်ပြီး သေဆုံးမှပဲ နားကပ်ချွတ်တဲ့အလေ့ရှိပါတယ်။
ငွေနားတောင်းတွေဟာ ကြီးမားလေးလံလွန်းတဲ့အတွက် ယနေ့ခေတ် ခူမီးအမျိုးသမီးငယ်တွေက နေ့စဉ်မဝတ်ဆင်ကြတော့ပဲ အခမ်းအနားတွေ အထိမ်းအမှတ်နေ့တွေမှပဲ ဝတ်ဆင်ကြပါတယ်။