စီးပွားရေးဝန်ကြီးတဦး နုတ်ထွက်
DVB
·
August 2, 2011
ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီးပွားရေးဝန်ကြီး ဦးသောင်းရွှေကို ကာယကံရှင်ရဲ့ဆန္ဒအရ ဝန်ကြီးရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တက်လာပြီး ရက်တရာကျော်ကာလမှာ ပြည်နယ်ဝန်ကြီးတဦး ပထမဆုံး နုတ်ထွက်တာဖြစ်ပါတယ်။
နုတ်ထွက်သွားတဲ့ ဝန်ကြီး ဦးသောင်းရွှေနဲ့ နီးစပ်သူတွေအဆိုအရ လူမှုရေး အရှုပ်အထွေး ကိစ္စတခုကြောင့် အခုလို နုတ်ထွက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဦးသောင်းရွှေဟာ ကလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူ ဖြစ်ပါတယ်။