DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လျှပ်စစ်မီး​ ၂၄ နာရီ ရ​သော်လည်း​ ​ဈေး​ကြီး​သဖြင့်​ မဖွင့်​နိုင်
DVB
·
August 2, 2011
ရခိုင်တွင် လျှပ်စစ်မီး​ ၂၄ နာရီ ရ​သော်လည်း​ ​ဈေး​ကြီး​သဖြင့်​ မဖွင့်​နိုင်
Donate to DVB

အစိုး​ရသစ်တက်လာပြီး​ သုံး​လ​လောက်အကြာကတည်း​က ရခိုင်ပြည်နယ်က မြို့​တချို့​မှာ လျှပ်စစ်မီး​ ၂၄ နာရီ လာ​နေ​ပေမယ့်​ မီတာခမှာ ကျန်​ဒေသ​တွေနဲ့​နှိုင်း​ယှဉ်ရင် အဆနှစ်ဆယ်​လောက် ကွာဟ​နေတာ​ကြောင့်​ မီး​မထွန်း​နိုင်ဖြစ်​နေကြပါတယ်။

[caption id="attachment_13583" align="alignright" width="310" caption="စစ်​တွေမြို့​အဝင် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ရန်ကုန်အပါဝင် ကျန်တိုင်း​နဲ့​ပြည်နယ်​တွေမှာ လျှပ်စစ်မီတာ တယူနစ်ကို ၂၅ ကျပ်နှုန်း​ ကျသင့်​ပေမယ့်​ ရခိုင်ပြည်နယ်မှာ တယူနစ်ကို ကျပ်ငါး​ရာထိ အဆနှစ်ဆယ်​လောက် ကြီး​မြင့်​နေတာ ဖြစ်ပါတယ်။

နှစ်​ပေါင်း​ ​လေး​ဆယ်​ကျော် လျှပ်စစ်မီး​ပျောက်သွား​ရာက အခု ပြီး​ခဲ့​တဲ့​ဇွန်လကစပြီး​ တ​နေကုန် မီး​လာ​နေတယ်လို့​ ​ရှေ့​မီ​နောက်မီ သံတွဲ​ဒေသခံ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။ အခုအခါ ဖိုး​သီး​ချို ကုမ္ပဏီက မီး​ရရှိ​ရေး​ဆောင်ရွက်​နေတယ်လို့​ ​ပြောပါတယ်။

“နှစ်​ပေါင်း​ ၄၀ ​လောက်ဟာ ၂၄ နာရီ ဆိုတာ သံတွဲ​ဒေသ မမြင်ဖူး​ဘူး​ဖြစ်သွား​တယ်။ အခု​တော့​ မြင်​နေရတယ်။ ဒါလည်း​ ဝမ်း​သာစရာ တခု​ပေါ့​။ မီး​တန်ဖိုး​ကို တွက်ကြည့်​တော့​လည်း​ နည်း​နည်း​တော့​ များ​တာ​ပေါ့​။ ဒါ​ပေမယ့်​ အ​ရေး​ကြုံတဲ့​လူ​တွေ ​ဆေး​ရုံတို့​ ဘာတို့​လည်း​ သုံး​ဖို့​ အဆင်​ပြေလာတာ​ပေါ့​။ အိမ်​တွေမှာလည်း​ အသုံး​တည့်​လာပါတယ်။”

ဒါ​ပေမယ့်​ ​အောက်​ခြေလူထုက​တော့​ မသုံး​နိုင်ဘူး​လို့​ ​ပြောတယ်။

“ကျ​နော်တို့​ ၁၉၅၀ ​ကျော်၊​ ၆၀ ​လောက်မှာရှိတဲ့​ ​ငွေတန်ဖိုး​နဲ့​ အခုတန်ဖိုး​ကို တွက်ကြည့်​ရင် ကွာခြား​တယ်ခင်ဗျ။ ဆင်း​ရဲသား​က​တော့​ ဘယ်သုံး​နိုင်မလဲ။ မီတာ တယူနစ်ကို ၄၀၀- ၅၀၀ ​ပေး​နိုင်ဖို့​ ဆင်း​ရဲသား​တ​ယောက်ရဲ့​ ဝင်​ငွေနဲ့​ ဆိုက်ကား​သမား​တ​ယောက် ဝင်​ငွေ တ​နေ့​ကို ၁၅၀၀ ​လောက်နဲ့​ မီး​ကို မစဉ်း​စား​နိုင်ပါဘူး​။ လူနင်း​ပြား​တွေ ဘဝက​တော့​ ဟို​ခေတ် ကိုလိုနီဘဝ​တွေလိုပဲ​ပေါ့​။”

ရခိုင်ပြည်နယ် စစ်​တွေမြို့​အ​ခြေစိုက် ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ဦး​ခိုင်ပြည်စိုး​က စစ်​တွေမှာ မီး​ ၂၄ နာရီလာ​နေတဲ့​အ​ကြောင်း​ ​ပြောပါတယ်။

“စစ်​တွေမြို့​မှာ မီး​ ၂၄ နာရီလုံး​ ​ပေး​ထား​တယ်။ ဒါ​ပေမယ့်​ တစ်ယူနစ်ကို ၄၆၀ ကျတယ်ဆို​တော့​ ကျ​နော်တို့​မှာ စက်ရုံအလုပ်ရုံ​တွေ မရှိဘူး​။ သာမန်ပြည်သူ​တွေက မီး​တော့​ ရတယ်။ မီတာခ တအား​ဈေး​ကြီး​တော့​ မီး​ရ​ပေမယ့်​ အလုပ်မဖြစ်ဘူး​။ မြို့​သူမြို့​သား​တွေက စရိတ်သက်သာစွာနဲ့​ သုံး​နိုင်မှ ထူး​ထူး​ဆန်း​ဆန်း​လေး​ ဖြစ်နိုင်မယ်။ ဒီ​နေ့​ မီး​တော့​ပေး​ထား​တယ်။ အဲဒီမီး​ကို ပိတ်ထား​ရတယ် ပိုက်ဆံမတတ်နိုင်လို့​။”

မီး​လာတယ်ဆို​ပေမယ့်​ ထိ​ရောက်မှုမရှိ ဖြစ်​နေ​သေး​တယ်လို့​ သူက ​ဝေဖန်​ပြောဆိုလိုက်ပြီး​ စမ်း​သပ်ကာလကို ​စောင့်​ကြည့်​ရဦး​မယ်လို့​ ​ပြောပါတယ်။

အစိုး​ရတက်တက်ချင်း​ ရခိုင်အမတ်​တွေက လျှပ်စစ်မီတာခ ရခိုင်မှာ ​ဈေး​ကြီး​လွန်း​တာ တင်ပြတဲ့​အ​ပေါ် မဟာဓာတ်အား​လိုင်း​က ​ပေး​တာမဟုတ်လို့​ ​ဈေး​ကြီး​ရတာပါလို့​ တုံ့​ပြန်​ဖြေရှင်း​ဖူး​ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013