Tuesday, May 30, 2023
HomeLead Storyမင်းတုန်းမြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များ ဖမ်းမိ

မင်းတုန်းမြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များ ဖမ်းမိ

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင် ​မင်းတုန်းမြို့နယ်က ​မှန်​​ကျေးရွာရဲ့ အ​နောက်​​တောင်​ဘက် ​​၆ ​ဖာလုံလောက်အကွာ ကုတင်ချောင်းဘေး​မြေကွက်လပ်မှာ တရားမဝင် ကျွန်းသစ်​တွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေ​ဖော်ဝါရီ ၁၇​ နေ့ မနက် ၈ နာရီအချိန်​က ကုတင်ချောင်းဘေးမြေကွက်လပ်မှာ တရားမ၀င် ကျွန်းသစ်စကွဲယား ၁၄၇ လုံး၊ ခန့်မှန်းတန် ၂၀.၄၆၈၄ တန်၊ တန်​ဖိုး သိန်း ၁၈၀ လောက်ကို​ ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း မင်းတုန်းမြို့မရဲစခန်းက သိရပါတယ်။

ဖြစ်​စဉ်​ကတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေဟာ ပြည်​သူတဦး တိုင်​ကြားလာတာကို အလစ်​အငိုက်​ဝင်​ဖမ်းဆီးခဲ့ပေမယ့် ပိုင်ရှင်​ကိုတော့ မ​တွေ့ရှိခဲ့​ဘူးလို့ ဆိုပါတယ်။

အဲဒီ့ဖြစ်စဉ်နဲ့ပက်သက်ပြီး မင်းတုန်းမြို့မရဲစခန်းက ပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်​ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ထန်ထန်

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular