မင်းတုန်းမြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များ ဖမ်းမိ

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင် ​မင်းတုန်းမြို့နယ်က ​မှန်​​ကျေးရွာရဲ့ အ​နောက်​​တောင်​ဘက် ​​၆ ​ဖာလုံလောက်အကွာ ကုတင်ချောင်းဘေး​မြေကွက်လပ်မှာ တရားမဝင် ကျွန်းသစ်​တွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖေ​ဖော်ဝါရီ ၁၇​ နေ့ မနက် ၈ နာရီအချိန်​က ကုတင်ချောင်းဘေးမြေကွက်လပ်မှာ တရားမ၀င် ကျွန်းသစ်စကွဲယား ၁၄၇ လုံး၊ ခန့်မှန်းတန် ၂၀.၄၆၈၄ တန်၊ တန်​ဖိုး သိန်း ၁၈၀ လောက်ကို​ ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း မင်းတုန်းမြို့မရဲစခန်းက သိရပါတယ်။ ဖြစ်​စဉ်​ကတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေဟာ ပြည်​သူတဦး တိုင်​ကြားလာတာကို အလစ်​အငိုက်​ဝင်​ဖမ်းဆီးခဲ့ပေမယ့် ပိုင်ရှင်​ကိုတော့ မ​တွေ့ရှိခဲ့​ဘူးလို့ ဆိုပါတယ်။ အဲဒီ့ဖြစ်စဉ်နဲ့ပက်သက်ပြီး မင်းတုန်းမြို့မရဲစခန်းက ပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်​ထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ထန်ထန်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up