DVB Logo
Home
မြန်မာသတင်း
တန်ပိုတင်​ဆောင်ခြင်း​နှင့်​ပတ်သက်ပြီး​ ​ကြေညာချက်တခု ထုတ်ပြန်သင့်
DVB
·
August 2, 2011
တန်ပိုတင်​ဆောင်ခြင်း​နှင့်​ပတ်သက်ပြီး​ ​ကြေညာချက်တခု ထုတ်ပြန်သင့်
Donate to DVB

တန်ပိုတင်​ဆောင်တာနဲ့​ပတ်သက်ပြီး​ တိကျတဲ့​ကြေညာချက်တခု သက်ဆိုင်ရာက ကျယ်ကျယ်ပြန့်​ပြန့်​ ထုတ်ပြန်အသိ​ပေး​သင့်​တယ်လို့​ ကုန်ကား​ဂိတ်​တွေနဲ့​ ကုန်ကား​သမား​တွေက ​ပြောပါတယ်။

[caption id="attachment_13579" align="alignright" width="310" caption="(ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ကုန်ကား​တွေ တန်ပိုတင်​ဆောင်ခြင်း​ ရှိမရှိ စစ်​ဆေး​တဲ့​ဂိတ်​တွေက တန်ပိုစစ်တဲ့​နေရာမှာ ဂိတ် တခုနဲ့​တခု သတ်မှတ်ချက်မတူတာ​ကြောင့်​ ကုန်ကား​ဂိတ်​တွေနဲ့​ ကုန်ကား​သမား​တွေက ခုလို ​ပြောဆိုလိုက် ကြတာဖြစ်ပါတယ်။ ဒါ့​အပြင် ကုန်တန်ချိန် ချိန်တဲ့​နေရာမှာလည်း​ တဂိတ်နဲ့​တဂိတ် အချိန်အတွယ်​တွေ မတူဖြစ်နေကြတာပါ။

ဘား​အံ-ရန်ကုန် ကုန်တင်​ပြေး​ဆွဲ​နေတဲ့​ ကား​သမား​တဦး​က
“မ​နေ့​က ကျ​နော့်​ကား​နဲ့​လာတယ်။ လက်ပြဂိတ်က ၃၀.၂၆၀၊​ ဘုရား​ကြီး​ဂိတ်ကျ​တော့​ ၃၀.၄၀၀။ ကျ​နော် ထုံး​အိတ် ၁၀၀၀ တင်လာတယ်။ ဘုရား​ကြီး​ဂိတ်က ဘာ​ပြောလဲဆို​တော့​ ဒီရှစ်လပိုင်း​မှာ ၃၅-၄၀ ​လောက် တင်လို့​ရတယ်တဲ့​။ မက်စ်မြန်မာ ပဲခူး​ဂိတ်ကျ​တော့​ အကုန်လုံး​ကား​တွေကို လက်မှတ်ထိုး​ အခုဖျက်သိမ်း​ဆိုပြီး​ လုပ်တယ်။ တန်ပိုလို့​ မရဘူး​တဲ့။ သူတို့​လုပ်တဲ့​ပုံစံက အစီအစဉ် မကျဘူး​ဖြစ်​နေတယ်” လို့​ ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ဇူလိုင်လထဲမှာ တန်ပိုတင်တဲ့​ကား​တွေကို ရုတ်တရက် ​ပေး​မဖြတ်ခဲ့​တာ​ကြောင့်​ ပဲခူး​က မက်စ်မြန်မာ ဂိတ်မှာ ကား​အစီး​ ငါး​ရာ​ကျော် ပိတ်မိခဲ့​ဖူး​ပါတယ်။ အဲဒီရက်ပိုင်း​အတွင်း​ တန်ပိုတင်​ဆောင်လို့​ ကုန်ကား​အစီး​ ခုနှစ်ရာ​ကျော်ကို အ​ရေး​ယူခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

ဒီသတင်း​တွေ ထွက်​ပေါ်ခဲ့​ပြီး​တဲ့​နောက် ကုန်တန်ဆာခ​တွေ ရုတ်တရက် ထိုး​တက်ကုန်တာ​ကြောင့်​ တန်ပိုစစ်တဲ့​ဂိတ်​တွေက ပြန်​ဖြေ​လျှော့​ပေး​ခဲ့​ပြန်ပါတယ်။

အခုတခါ ခွင့်​ပြုတဲ့​ဂိတ်က ခွင့်​ပြုပြီး​ ပိတ်တဲ့​ဂိတ်က ပိတ်ဖြစ်​နေပြန်တာမို့​ သက်ဆိုင်ရာက တရား​ဝင် အသိ​ပေး​စာ ထုတ်သင့်​တယ်လို့​ ​ပြောလာကြတာဖြစ်ပါတယ်။

တန်ပိုကန့်​သတ်လိုက်လို့​ ကုန်​ဈေး​နှုန်း​ တက်မှာစိုး​ပြီး​ သက်ဆိုင်ရာက တရား​ဝင်စာမထုတ်တာ ဖြစ်နိုင်​ပေမယ့်​ အခုမိုး​တွင်း​ကာလက ကုန်ရှား​ချိန်ဖြစ်တာမို့​ ကုန်တင်ခ​တွေ တိုး​တောင်း​ဖို့​ မဖြစ်နိုင်ဘူး​လို့​ ရန်ကုန်ဘုရင့်​နောင်ကုန်စည်ဒိုင်က ကုန်သည်တဦး​က သုံး​သပ်​ပြောကြား​ပါတယ်။

အာဆီယံ စံချိန်စံညွှန်း​အတိုင်း​ ကုန်တင်​ဆောင်ရမယ်ဆိုပြီး​ မနှစ် နှစ်ကုန်ပိုင်း​လောက်ကတည်း​က ​ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာနက သတ်မှတ်​ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013