DVB Logo
Home
မေးမြန်းခန်း
လွှတ်​တော်ရဲ့​ ပုံမှန်လုပ်ငန်း​တွေ အခုမှ စတာ
DVB
·
August 2, 2011
လွှတ်​တော်ရဲ့​ ပုံမှန်လုပ်ငန်း​တွေ အခုမှ စတာ
Donate to DVB

မတ်လက ရပ်နား​ထား​တဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေကို လာမယ့်​ ၂၂ ရက်​နေ့​မှာ ကျင်း​ပဖို့​ အစိုး​ရသတင်း​စာ​တွေမှာ ​ကြေညာထား​ပါတယ်။

အရင်က လုပ်ခဲ့​တဲ့​ လွှတ်​တော်ရဲ့​ ​ဆွေး​နွေး​ချက်​တွေ ဘာ​တွေ အ​ကောင်အထည်​ပေါ်ခဲ့​ပြီလဲ၊​ အခုတကြိမ် လွှတ်​တော်အစည်း​အ​ဝေး​မှာ ဘာ​တွေ​မျှော်လင့်​နိုင်မလဲ၊​ ဘယ်လို ကွာခြား​ချက်​တွေရှိနိုင်မလဲဆိုတာကို သင်္ဃန်း​ကျွန်း​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ကို ​မေး​မြန်း​ထား​ပါတယ်။

[caption id="attachment_13575" align="alignright" width="310" caption="ဦးသိန်းညွန့်​ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ဦး​သိန်း​ညွန့်​ဟာ ​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ကိုယ်စား​လှယ်အ​နေနဲ့​ အ​ရွေး​ခံခဲ့​ရပြီး​နောက် အခုအခါမှာ အမျိုး​သား​ဒီမိုက​ရေစီ ပါတီသစ်အမည်နဲ့​ ပါတီသစ်တခု မှတ်ပုံတင်​လျှောက်ထား​ဆဲဖြစ်ပါတယ်။

ပုံမှန်အစည်း​အ​ဝေး​ကို ဩဂုတ်လ ၂၂ ရက်​နေ့​မှာ ပြန်လုပ်မယ်ဆိုတာကို ကျ​နော်တို့​တွေ့​တယ်။ ဘယ်​လောက်ထိ ​မျှော်လင့်​လို့​ရမလဲ၊​ ဒီဟာ ဘာအဓိပ္ပာယ်လဲ။

“ခြား​နား​ချက်တခုကို မြင်ရမှာက ပထမအကြိမ် ပုံမှန် လွှတ်​တော်အစည်း​အ​ဝေး​တွေက နိုင်ငံ​တော် ​အေး​ချမ်း​သာယာ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ကောင်စီက ​ခေါ်တာ။ အစိုး​ရအဖွဲ့​ဖွဲ့​စည်း​ခြင်း​၊​ တရား​သူကြီး​အဖွဲ့​ဖွဲ့​စည်း​ခြင်း​၊​ လွှတ်​တော်​ကော်မတီဖွဲ့​တာ​တွေ စတဲ့​ လုပ်ငန်း​တွေနဲ့​ပဲ အချိန်ကုန်သွား​တော့​ အစိုး​ရသစ်ဖြစ်တဲ့​ သမ္မတက မိန့်​ခွန်း​ပြောတဲ့​ ​နေ့​မှာပဲ လွှတ်​တော်အစည်း​အ​ဝေး​က ရုပ်သိမ်း​ခဲ့​တာကို။ ချုပ်​ပြောရရင် လွှတ်​တော်ကိုယ်စား​တွေအ​နေနဲ့​ အစိုး​ရအသစ်နဲ့​ အပြန်အလှန်​ပေါ့​။ နိုင်ငံ​တော် agenda ​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​အခွင့်​ မသာခဲ့​ဘူး​။ အခု ဒုတိယအကြိမ်အစည်း​အ​ဝေး​က လွှတ်​တော်ဥက္ကဋ္ဌ၊​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ၊​ အမျိုး​သား​လွှတ်​တော် ဥက္ကဋ္ဌ၊​ ပြည်​ထောင်စု လွှတ်​တော် နာယကတို့​က ​ခေါ်တာဖြစ်တဲ့​အတွက် အဲဒါနဲ့​ ပတ်သက်ပြီး​တော့​ လွှတ်​တော်ရဲ့​ ပုံမှန်လုပ်ငန်း​တွေ​ပေါ့​။ ဒါအခုမှ စတင်ပြီလို့​ ​ပြောလို့​ရမှာ​ပေါ့​။

အဲဒီ​တော့​ အခု​လော​လောဆယ်ဆိုရင် တခြား​ပါတီ​တွေက ဘယ်လိုပြင်ထား​လဲ မသိဘူး​။ ဦး​သိန်း​ညွန်ကိုပဲ ကျ​နော်​မေး​ချင်ပါတယ်။ ဦး​သိန်း​ညွန့်​ပါတီအ​နေနဲ့​ ဘာ​တွေများ​ ပြင်ထား​တာရှိသလဲခင်ဗျ။

“အခု​လော​လောဆယ်​တော့​ ကျ​နော်တို့​က ဇူလိုင်လ ၄ ရက်​နေ့​ကပါတီ တည်​ထောင်တာကို ကျ​နော်တို့​ ထည့်​ထား​ပြီး​ပေမယ့်​ အခုထိ ပါတီတည်​ထောင်ခွင့်​ မကျ​သေး​ဘူး​။ ဒါ​ကြောင့်​ ကျ​နော်တို့​ တသီး​ပုဂ္ဂလ လွှတ်​တော်ကိုယ်စား​လှယ် အ​နေနဲ့​ အခု​လော​လောဆယ် ပြည်​ထောင်စုလွှတ်​တော်မှာ သုံး​ယောက်ရှိတယ်။ ဒီသုံး​ယောက်က ​လော​လောဆယ် တသီး​ပုဂ္ဂလ လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် လုပ်သင့်​လုပ်ထိုက်တာ​တွေကို အခုပဲ အဆို​တွေတင်ဖို့​ ​မေး​ခွန်း​တွေတင်ဖို့​ ပြင်ဆင်​နေပါတယ်။”

ပြီး​ခဲ့​တဲ့​ လွှတ်​တော်တုန်း​က ​တွေ့​ရတာ ​မေး​ခွန်း​တွေ​မေး​တာရှိတယ်။ အဲဒါကို အရင်အစိုး​ရလက်ထက်က ဝန်ကြီး​ဟောင်း​တွေက၊​ သူတို့​ သက်ဆိုင်တဲ့​ ပုဂ္ဂိုလ်​တွေက ပြန်​ဖြေသွား​တာ​ကြောင့်​ အရင်အစိုး​ရကိုပဲ ကာကွယ်ပြီး​တော့​ ​ဖြေသွား​တဲ့​သ​ဘောမျိုး​ ​ပြောကြတယ်။ အခုတ​ခေါက်မှာ တချို့​တ​လေ ဝန်ကြီး​အ​ပြောင်း​အလဲ​တွေရှိတယ်။ ဘယ်​လောက်များ​ ​မျှော်လင့်​လို့​ရမလဲ။

“အဲဒါက​တော့​ လွှတ်​တော်ကိုယ်စား​လှယ် တဦး​ချင်း​ရဲ့​ အရည်အချင်း​ပေါ်မှာလည်း​ မူတည်မှာ​ပေါ့​။ အခု အစိုး​ရသစ်နဲ့​ ထိ​တွေ့​ဆက်ဆံတဲ့​ အခါမှာ ကိုယ်က လူထုရဲ့​ ဆန္ဒသ​ဘောထား​ကို ဘယ်​လောက်သိထား​သလဲ။ ပြီး​တော့​ ဒီ​နေ့​တိုင်း​ပြည်ရဲ့​ လိုအပ်ချက်ကို ကိုယ်ဘယ်​လောက်သိသလဲ။ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေအရ ဘာ​တွေလုပ်သင့်​တယ်ဆိုတာ ကိုယ်ဘယ်​လောက်သိသလဲ။ အစိုး​ရဘက်က တင်လာတဲ့​ ဥပ​ဒေကြမ်း​တွေက ဘယ်ဟာက နိုင်ငံအတွက် လိုအပ်ပြီး​တော့​ ဘယ်ဟာက လူထုကိုဝန်ထုပ် ဝန်ပိုး​ ကြီး​စေတယ်ဆိုတာ ခွဲခြား​တတ်ဖို့​ လိုတယ်။ အဲဒါက​တော့​ လွှတ်​တော်ကိုယ်စား​လှယ် တဦး​ချင်း​ရဲ့​ နိုင်ငံ​ရေး​ပါတီ တပါတီချင်း​ရဲ့​ သူတို့​ရဲ့​ ​ခေါင်း​ဆောင်မှု၊​ နိုင်ငံ​ရေး​ ဦး​ဆောင်နိုင်မှု စွမ်း​ရည်​တွေနဲ့​ ပတ်သက်​နေတာပါ။”

ပထမအကြိမ် လွှတ်​တော်​ခေါ်ပြီး​တုန်း​က အဲဒီတုန်း​က တချို့​အဆိုပြုခဲ့​တာရှိတယ်။ ပယ်ချခံရတာရှိတယ်။ လွှတ်​တော်ထဲမှာ ​ပြောကြဆိုကြတာနဲ့​ ပတ်သက်ပြီး​ ပထမအကြိမ်နဲ့​ ဒုတိယ အကြိမ်နဲ့​ ကြား​ထဲမှာ လက်​တွေ့​ဖြစ်လာတဲ့​အပိုင်း​လေး​တွေမှာ သတိထား​မိတာဘာ​တွေရှိလဲ။ ဘာ​တွေတိုး​တက်​ပြောင်း​လဲလာတာ ရှိလဲ။ နိုင်ငံ​ရေး​ လူမှု​ရေး​အပိုင်း​မှာ​ပေါ့​။

“လက်​တွေ့​သာ မလုပ်​သေး​ပေမယ့်​ တချို့​ဟာ​တွေ ​ပြောင်း​လဲတာရှိပါတယ်။ ပြီး​ခဲ့​တဲ့​လွှတ်​တော်မှာ အဂတိ လိုက်စား​မှုနဲ့​တိုက်ဖျက်​ရေး​နဲ့​ပတ်သက်ပြီး​ ကျ​နော်ကိုယ်တိုင် ​ပြောခဲ့​တာပဲ။ အဲဒါ သမ္မတကြီး​ မိန့်​ခွန်း​မှာ အဂတိလိုက်စား​မှု တိုက်ဖျက်​ရေး​၊​ လာဘ်​ပေး​လာဘ်ယူ တိုက်ဖျက်​ရေး​က နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်တဲ့​အတွက် ပြည်သူ​တွေပါ ပူး​ပေါင်း​ပါဝင်လာဖို့​ သမ္မတကြီး​ရဲ့​ မိန့်​ခွန်း​မှာပါတဲ့​အတွက် ဒါက မူဝါဒဖြစ်သွား​ပြီ​လေ။ ​ရှေ့​ဆက်ဘယ်လိုလုပ်မယ်ဆိုတာ​တော့​ အ​သေး​စိတ်ကို ​စောင့်​ကြည့်​ရမှာ​ပေါ့​။ အခု သက်ကြီး​ရွယ်အို​တွေ ပင်စင်ရလာတာလည်း​ ပြီး​ခဲ့​တဲ့​ လွှတ်​တော်မှာ ​ပြောဆို​ဆွေး​နွေး​မှု​တွေနဲ့​ ဆက်စပ်​နေတယ်လို့​ ယူဆတယ်။”

နိုင်ငံ​ရေး​မှာလည်း​ တချို့​ စစ်တိုက်​နေတဲ့​ ကိစ္စ​တွေ ဆိုရင် သိသိသာသာ ပိုဆိုး​လာတဲ့​ အ​နေအထား​မျိုး​၊​ ဦး​သိန်း​ညွန့်​တို့​ ဒီကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​ရှိပါသလား​။

“ငြိမ်း​ချမ်း​ရေး​ပြဿနာဆိုတာ​တော့​ အား​လုံး​လိုချင်ကြတာပဲ။ ငြိမ်း​ချမ်း​ရေး​ရဖို့​ ​ဆောင်ရွက်လာတဲ့​ လူ​တွေရဲ့​ ​စေတနာကိုပဲ ကျ​နော်​လေး​လေး​စား​စား​ အသိအမှတ်ပြုပါတယ်။ ဒါ​ပေမယ့်​ မြန်မာပြည် နိုင်ငံ​ရေး​အရ ​ပြောရရင်​တော့​ ငြိမ်း​ချမ်း​ရေး​ရဖို့​ လုပ်တဲ့​အခါမှာ ​စေတနာမှန်ရုံနဲ့​ မပြီး​သေး​ဘူး​။ ​ခေါင်း​ဆောင်မှုရဲ့​ အရည်အချင်း​နဲ့​ လုပ်နည်း​လုပ်ဟန် ပြဿနာ​တွေကလည်း​ အ​ရေး​ကြီး​တယ်လို့​ ကျ​နော်က​တော့​ အဲဒီလိုယူဆတယ်။ ငြိမ်း​ချမ်း​ရေး​နယ်ပယ် ကျယ်ပြန့်​ပြီး​ ​သေနတ်သံ တိတ်ဆိတ်ဖို့​၊​ ငြိမ်သက်သွား​ဖို့​အတွက်က​တော့​ ကျ​နော်ပါဝင်သင့်​တဲ့​ အခန်း​ကဏ္ဍက​နေ ပါဝင်​ဆွေး​နွေး​မှာပါ။”

နောက်တချက်က ဦး​သိန်း​ညွန့်​ ​ရွေး​ကောက်ပွဲ ကာလထဲက ​ပြောခဲ့​တာရှိတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကိစ္စဆိုပြီး​ပြောတာ။ ပြီး​တော့​ သမ္မတတက်လာတယ်။ သမ္မတအကြံ​ပေး​အဖွဲ့​တွေကလည်း​ မြန်မာပြည်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ မရှိဘူး​ဆိုတာမျိုး​ကို နိုင်ငံတကာက ကိုယ်စား​လှယ်​တွေလာလည်း​ ​တောက်​လျှောက် ​ပြော​နေတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​တော့​ ဦး​သိန်း​ညွန့်​အ​နေနဲ့​ ဘယ်လိုခံယူထား​လဲခင်ဗျ။

“ဒါက​တော့​ ရှင်း​ပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သမား​ဆိုတာ လက်ရှိအစိုး​ရရဲ့​ မူဝါဒကို ​ပြောဆို​ဝေဖန်သူ၊​ အစိုး​ရကြား​အောင် လုပ်​ဆောင်သူ။ အဲဒါနဲ့​ ဆက်စပ်တဲ့​ လူမှန်သမျှက နိုင်ငံ​ရေး​အကျဉ်း​သား​ပဲလို့​ အိန္ဒိယ ဥပ​ဒေ အဘိဓာန်မှာ ဖွင့်​ဆိုထား​တဲ့​ မူအတိုင်း​ ကျ​နော်လက်ခံပါတယ်။ ဒီမူအတိုင်း​ပဲ ကျ​နော် ရပ်တည်မှာပါ။”

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013