Sunday, May 28, 2023
HomeLead Storyကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်း စတင် (ဓာတ်ပုံ)

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်း စတင် (ဓာတ်ပုံ)

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း စတင်တာနဲ့ ထောက်ပံ့ကြေး ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် တံတားစီမံကိန်းဧရိယာမှာ ပြုလုပ်ခဲ့ပါတယ်။

ဒလတံတားစီမံကိန်း စတင်တာနဲ့အတူ စီမံကိန်း ဧရိယာထဲမှာ ပါဝင်တဲ့ နေအိမ် ၆၅ လုံးကိုလည်း လျော်ကြေးပေးခဲ့ပါတယ်။

လျော်ကြေးတွေကို ဒေသပေါက်ဈေးနဲ့ တွက်ချက်ပြီး ပေးလျော်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒလတံတားကို ဒလမြို့ ဗိုလ်မင်းရောင်လမ်းနဲ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်က စဥ့်အိုးတန်းဆိပ်ကမ်းတို့ကို ဆက်သွယ်တည်ဆောက်မှာပါ။

တံတားအရှည် ၆၁၄၄ ပေရှိပြီး ၄ လမ်းသွားတံတား ဖြစ်ပါတယ်။

တံတားတည်ဆောက်ဖို့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ဒီထဲက အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့ ညီမျှတဲ့ ကိုရီးယားဝမ်ကို ကိုရီးယားချေးငွေ (EDSF Loan) ချေးငွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

စီမံကိန်းကာလကို ၂၀၁၅-၂၀၁၆ ကနေ ၂၀၁၉-၂၀၂၀ ထိ သတ်မှတ်ထားပါတယ်။

သတင်းဓာတ်ပုံ – အာကာ

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular