Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးမြေနေရာ ပုဂ္ဂလိက လွှဲပြောင်းပေးမှု ကျန်းမာရေးဝန်ထမ်းများ ကန့်ကွက်
DVB
·
February 16, 2016
12745629_1031406313567595_4874936704796508298_n
ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောက်လုပ်မယ့်မြေနေရာကို ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း၊ အပြင်ဆရာဝန်တွေနဲ့ ဆေးကျောင်းသား ကျောင်းသူတွေဆီကပါ လက်မှတ်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ကောက်ခံသွားမယ်လို့ ဖဲကြိုးနက်လှုပ်ရှားမှုမှာ ဦးဆောင်လှုပ်ရှား ခဲ့တဲ့ ဒေါက်တာ အလင်္ကာက ပြောပါတယ်။ လက်မှတ်တွေကောက်ခံတဲ့နေရာမှာရန်ကုန်မြို့မှာ နေရာနှစ်နေရာခွဲပြီး နယ်မြို့တွေက ဆရာဝန် တွေ၊ သူနာပြုတွေနဲ့ ဆေးကျောင်းသားတွေဆီကတော့ ကားဂိတ်ကနေ ပို့ပေးသွားဖို့ ချိတ်ဆက် ထားတယ်လို့ ပြောပါတယ်။ အပြီးသက်ရပ်ဆိုင်းပေးဖို့ တောင်းဆိုသွားမယ့် ကန့်ကွက်လက်မှတ်တွေကို လာမယ့် ဖေဖော်ဝါရီ (၂၂) နေ့အထိပဲ ကောက်ခံသွားမှာဖြစ်ပြီး အဲဒီလက်မှတ်တွေကို သက်ဆိုင်ရာဌာန အသီးသီး ဖြစ်တဲ့ လွှတ်တော် ၃ ရပ်၊ သမ္မတ၊ ကာချုပ်၊ အမျိုးသားဒီုမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကျန်းမာရေး ဝန်ကြီးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ဆီကို ပေးပို့သွားမှာဖြစ်တယ်လို့ ဦးဆောင် ဆရာဝန်တွေက ပြောပါတယ်။ ဒီလို လက်မှတ်ကောက်ခံရေးကို ဆေးပညာနယ်ပယ်က ပါမောက္ခဆရာဝန်ကြီးတွေ၊ ဆရာဝန်ကြီးငယ်တွေ၊ ဖဲကြိုးနက်ဆရာဝန်တွေအဖွဲ့၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024