Home
သတင်းဓာတ်ပုံ
စစ်ဘေးရှောင်ပြည်သူများ စီးနင်းလာသည့် ထော်လာဂျီ တိမ်းမှောက်၊ ၃ ဦးသေဆုံး (သတင်းဓာတ်ပုံ)
DVB
·
February 16, 2016
12745453_821257064669212_6956774742662094585_n
12744382_821257208002531_8658051720563444669_n
12742325_821257288002523_5360270883138583568_n
12687990_821257164669202_2909653075410998192_n
12687770_821257134669205_5512224758478341433_n
1451949_821257251335860_7095204780089482744_n
စစ်ဘေးရှောင်ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ထော်လာဂျီယာဉ် တိမ်းမှောက်လို့ သံဃာတပါး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီကျော်လောက်မှာ ကျောက်မဲ-မိုးကုတ်လမ်း ပန်ကွမ်ရွာနဲ့ ပန်လင်ရွာကြားမှာ ထော်လာဂျီယာဉ်ဟာ လက်ဘက်ခြံ တောင်စောင်းထဲကို ထိုးကျသွားခဲ့တာပါ။ တိမ်းမှောက်သွားတဲ့ ယာဉ်ပေါ်မှာ ပါခါးကျေးရွာ၊ စာပို့ကျေးရွာ၊ တောင်ပို့လို့ကျေးရွာတွေက စီးနင်းလာတဲ့ စစ်ဘေးရှောင် ပြည်သူ ၄၀ လောက် လိုက်ပါလာတယ်လို့ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ ပါခါးကျေးရွာကနေ ကျောက်မဲမြို့ကို စစ်ရှောင်ဖို့ ထွက်ခွာလာတုန်း အခုလို အဖြစ်မျိုးနဲ့ ကြုံရတာ ဖြစ်ပါတယ်။ အခင်းဖြစ်ရာကို လူမူရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေက လိုက်ပါကူညီပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024