သံဃာနှင့် စစ်တပ်ကြား ရုန်းရင်းဆန်ခတ် ထိုင်းနိုင်ငံတွင်ဖြစ်ပွား (ရုပ်သံ)

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုံရိုင် နခွန်းပထုံမြို့ ဗုဒ္ဓနယ်မြေတွင်းမှာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲကျော်က  ထိုင်းစစ်တပ်နဲ့  သံဃာတော်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လစ်လပ်နေတဲ့  သံဃမဟာနာယက ဆရာတော်ခန့်ထားရေးနဲ့ ပတ်သက်လို့ သံဃာထုနဲ့ ဒကာများအဖွဲ့က အဆိုပါ ဗုဒ္ဓနယ်မြေပုရ၀ုဏ်တွင်း စုဝေးဆန္ဒထုတ်ဖော် နေရာမှာ လုံခြုံရေးယူပေးနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာလို့ သနေရှင်း သတင်းမှာ ဖော်ပြပါတယ်။ သံဃာနဲ့ ပြည်သူပေါင်း ၃၀၀၀ ကျော် စုဝေးဆန္ဒထုတ်ဖော်နေရာမှာ ပြင်ပမှ အင်အား အများအပြား တဖွဲဖွဲပူးပေါင်းဝင်ရောက်လာခဲ့ပါတယ်။ အင်အား ၅၀ ကျော်ရှိတဲ့ စစ်တပ်က ပုရ၀ုဏ်ထဲဝင်လာတဲ့ လူတွေကို  လက်နက်စစ်ဆေး တာ၊ တချို့လူတွေကို ၀င်ခွင့်ပိတ်ပင်တာရှိတဲ့အတွက် သံဃာတွေက မကျေနပ်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် ဟန့်တားခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေကလည်း အခြေအနေထိန်းသိမ်းတဲ့အနေနဲ့ သေနတ်ပစ်ဖောက်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ လက်ရှိ သံဃာနဲ့ ပြည်သူတချို့က တင်မြှောက်ခန့်ထားပေးဖို့ တောင်းဆိုနေတဲ့ ဆရာတော်ကြီးဟာ ယခင်က ရှပ်နီတွေ ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးဖြစ်ပြီး လောလောဆယ် ပိုင်ဆိုင်မှုတွ အလွန်များပြားလွန်းတာကြောင့် ဒီအက်စ်အေ (အထူးမှုခင်းစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ ) ရဲ့ အနီးကပ်စောင့်ကြည့်စစ်ဆေးမှုကို ခံနေရတာ ဖြစ်ပါတယ်။

More News
Up