ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ပဲခူးတိုင်းလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့ကတော့ ရေးရာကော်မတီတွေ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ အရင်လွှတ်တော်လက်ထက်မှာ ကျန်နေခဲ့တဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး လွှတ်တော်ဥက္ကဋ္ဌက အခုလို ရှင်းပြပါတယ်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် က “ပထမ လွှတ်တော်သက်တမ်းမှာ ပြုလုပ်ဖို့ ကျန်နေခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥပဒေ (၃) ရပ် မပြီးပြတ်သေးတာတွေ ကျန်နေခဲ့ပါတယ်။ အဲဒါတွေကို ပြီးပြတ်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ နောက်ထပ် ပြင်စဉ်ရန်၊ ဖျက်သိမ်းရန်၊ ပြဋ္ဌန်းရန်တွေကိုလည်း ဆက်လက်ပြီး ကျွမ်းကျင်တဲ့ ရေးရာကော်မတီတွေဖွဲ့ပြီး လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။ ဒီနေ့လွှတ်တော်ကို တက်ရောက်ခွင့်ရှိတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၇၆ ယောက်စလုံး တက်ရောက်ခဲ့ပြီး ရေးရာကော်မတီ ၉ ခု ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up