ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ မိတ်ဆက်ပွဲပြုလုပ်
DVB
·
February 15, 2016
လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူတို့ ထိတွေ့စည်းဝေးနိုင်အောင် လုပ်ဆောင်ပေးမယ့် “ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့” (Myanmar Center to Empower Regional Parliaments: MCERP) မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစုက စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပြီး အခမ်းအနားကိုတော့ ဒီနေ့ ရန်ကုန်က ချက်ထရီယမ်ဟိုတယ်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့အနေနဲ့ ပြည်နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတို့ ထိတွေ့ဆွေးနွေးနိုင်မယ့် အစည်းအဝေးတွေ ပြုလုပ်ပေးတာအပါအ၀င် အဓိကလုပ်ငန်း ၃ ခု လုပ်ဆောင်မယ်လို့ အဖွဲ့ဒါရိုက်တာ ကိုသက်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
ကဏ္ဍအလိုက် ပညာရှင်တွေပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်ဆောင်ပေး သွားမယ်လို့ ဆိုပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ဟာ ပြည်နယ်တိုင်းအားလုံးရှိ လွှတ်တော်အသီးသီးကို ကူညီလုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိ ပေမယ့် လတ်တလောတော့ ရန်ကုန်တိုင်းလွှတ်တော်တခုကိုပဲ ၁ နှစ်လောက် စတင် လုပ်ပေးမှာ ဖြစ်ပါတယ်။