ချစ်သူများနေ့တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် အသိပညာပေး ပြုလုပ်
DVB
·
February 14, 2016
မျိုးဆက်ပွား ကျန်းမာရေး ပညာပေးအစီအစဉ်နဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ရောဂါတွေအတွက် အသိပညာပေး အစီအစဉ်တွေကို ဖော်ဖော်ဝါရီလ ၁၄ရက်နေ့ ချစ်သူများနေ့မှာ Alliance in Myanmar အဖွဲ့က ပြည်သူ့ရင်ပြင်မှာ ကျင်းပပေးခဲ့ပါတယ်။
လူငယ်တွေကြား အချိန်မတိုင်ခင် လက်ထပ်မှုနှုန်းတွေ၊ ကိုယ်ဝန်ဆောင်မှုနှုန်းတွေနဲ့ ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေ မြင့်မားလာတာကြောင့် လူငယ်ချစ်သူစုံတွဲတွေ စုံလင်တဲ့ ဒီလိုနေ့တွေမှာ အသိပညာပေးပွဲတွေကို ကျင်းပပေးနေတာဖြစ်ပါတယ်။
ဒီပွဲမှာ လာရောက်တဲ့ ချစ်သူစုံတွဲတွေကို ပျော်ရွင်စရာကစားပွဲတွေနဲ့အတူ မျိုးဆက်ပွားကျန်းမာရေး၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် နဲ့ ပက်သက်တဲ့ ဉာဏ်စမ်းမေးခွန်းမေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ကွန်ဒုံးဝေငှတာတွေနဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက် မိုဘိုင်း အပလီကေးရှင်းတွေကို ဖြန့်ဝေခဲ့ကြပါတယ်။
ဓာတ်ပုံ- ဟိန်းကို