မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာ နယ်မြေခံရဲစခန်းက ဖေဖော်ဝါရီ ၁၁ ရက်ညသန်းခေါင်ကျော်မှာ မော်တော်ကားနဲ့ တရားမ၀င် တင်ဆောင်လာတဲ့ နွားအထီး ၅၆ ကောင်နဲ့ ကားပေါ်ပါ လူ ၁၇ယောက်ကို ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
မန္တလေးဘက်ကနေ မိုးကုတ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ၆ ဘီးကား ၄ စီးပေါ်မှာ တင်ဆောင်လာတဲ့ နွားတွေကို ဖမ်းမိတာဖြစ်ပြီး အဲ့ဒီနွားတွေကို ဗန်းမော် ဖြတ်ပြီး တရုတ်ပြည်ထဲ ရောင်းစားဖို့ သယ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ရဲသတင်းအရတော့ နွားတင်ဆောင်ခွင့် အထောက်အထား တစုံတရာမပြနိုင်လို့ ဖမ်းလိုက်တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ လူ ၁၇ ဦးကို စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။