စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ ကျီးကုန်းရွာကြားမှာရှိတဲ့ ဖောင်ကူးရွာဟောင်းမှာ စပါးခွံအိတ်တွေနဲ့ဖုံးပြီး တမလန်းတုံးတွေ တင်ဆောင်လာတဲ့ ဆယ့်နှစ်ဘီးယာဉ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လယ်က ဖမ်းဆီးရမိခဲ့ပါတယ်။
တမလန်းတုံးတွေနဲ့အတူ ကလေးခရိုင်ရဲတပ်ဖွဲ့က သစ်တောက တာဝန်ရှိသူတွေနဲ့အတူ သတင်းအရ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကားပေါ်မှာ တမလန်း ဆိုက်စုံ ၆၃ ချောင်း တန် ၇ ဒဿမ ၉၄၄ တန် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်က ပြောပါတယ်။
တမလန်းတုံးတွေကို တမူးနယ် ခမ်းပါတ်မြို့အနီး သစ်တောမှ သယ်ဆောင်လာတာ လို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့က ထွက်ဆိုခဲ့ကြောင်း ရဲအုပ်သီဟ ပြောပါတယ်။
လက်ရှိမှာ ယာဉ်မောင်း နဲ့ ယာဉ် နောက်လိုက်တို့ကို စစ်ဆေးနေပြီး သစ်ပိုင်ရှင်အား ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင် နေပါတယ်။
သတင်းဓာတ်ပုံ – မင်းရဲစစ်နိုင်