ဖိလစ်ပိုင် ချစ်သူများနေ့အကြို စုံတွဲ ၃၅၀ မင်္ဂလာပွဲ ဆင်နွှဲ (ရုပ်သံ)

1.8K
ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်မယ့် ချစ်သူများနေ့အကြို အထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင် နိုင်ငံ မနီလာမှာ စုံတွဲ ၃၅၀ မင်္ဂလာပွဲကို ဆင်နွှဲကြပါတယ်။
မနီလာက ဘတ်စကတ်ဘော အားကစားခန်းမမှာ ဖေဖော်ဝါရီ ၁၂ ရက်က စုပေါင်းပြီး မင်္ဂလာပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၄ နှစ်အရွယ် စုံတွဲကလည်း အစိုးရက ကမကထလုပ် ကျင်းပတဲ့ မင်္ဂလာပွဲမှာ ပါဝင်ခဲ့သလို တချို့ဆိုရင် စိတ်လှုပ်ရှားလို့ မျက်ရည်ကျခဲ့ပါတယ်။
သူတို့ စုံတွဲဟာ နှစ်ပေါင်း ၄၂ နှစ်ကြာ အတူနေထိုင်ခဲ့တာ ဖြစ်ပါတယ်။