စစ်သမိုင်းပြည်တိုက်ကို မည်သူမဆို အခမဲ့ကြည့်ရှုနိုင်ပြီ
DVB
·
February 13, 2016
နေပြည်တော်၊ စစ်သမိုင်းပြတိုက်ကို မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း ဟောင်း ၂၅၉ မိုင်၊ ၃ ဖာလုံအနီး တည်ရှိတဲ့ ပြတိုက်မှာ တပ်မတော် (ကြည်း) ပြကွက် အဆောင် ၆ ဆောင်၊ တပ်မတော်(ရေ )ပြကွက် အဆောင် ၃ ဆောင်နဲ့ တပ်မတော် (လေ)ပြကွက် အဆောင် ၃ ဆောင် တို့အပြင် ပြင်ပပြကွက် ၃ ခုတို့နဲ့ အဆင့်မြင့်စွာ ဖွဲ့စည်းတည်ဆောက်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြတိုက်ကို အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့ထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။