Tuesday, May 30, 2023
HomeLead Storyလေယာဉ်ပျက်ကျ သေဆုံးသူ ၅ ဦးကို နေပြည်တော် စစ်သင်္ချိုင်းတွင် သင်္ဂြိုဟ်

လေယာဉ်ပျက်ကျ သေဆုံးသူ ၅ ဦးကို နေပြည်တော် စစ်သင်္ချိုင်းတွင် သင်္ဂြိုဟ်

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း တပ်မတော်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ တပ်မတော်သား ၅ ဦးကို ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ စစ်သင်္ချိုင်းမှာ သင်္ဂြိုဟ်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီ ၄၁ မိနစ်အချိန်က တပ်မတော်လေယာဉ် B 1900 ဟာ နေပြေည်တော်လေယာဉ်ကွင်းကနေ စတက်ပြီး မကြာမီ လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်း ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့လို့ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦးအပါအ၀င် ၄ ဦး အခင်းဖြစ်ပွား နေရာမှာ သေဆုံးခဲ့ပြီး ဒုတပ်ကြပ်တဦးကတော့ ဆေးရုံ မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ BEECH-1900 D အမျိုးအစား အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပုံမှန် Flight Check ဆောင်ရွက်ဖို့ နေပြည်တော်လေဆိပ်မှအတက် လေထဲမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

 

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular