ပြည်မြို့တွင် ၉ တန်းကျောင်းသား ၃ ဦး ရေနစ်ပျောက်ဆုံး (ရုပ်သံ)
DVB
·
February 11, 2016
ပဲခူးတိုင်း၊ ပြည်မြို့၊ န၀ဒေးတံတားအောက်မှာ ကလး ၃ ဦး ရေနစ်ပျောက်ဆုံးနေပါတယ်။
ပြည်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီထိုးလောက်မှာ အထက ၃ ကျောင်းက ၉ တန်းကျောင်းသား ၃ ဦး ကျောင်းကနေ ဧရာဝတီမြစ် န၀ဒေးတံတားအောက်ဘက်မှာ ရေသွားကူးရင်း ရေနစ်ပျောက်ဆုံးနေတာပါ။
ညနေ ၄ နာရီကျော်တဲ့အထိ တဦးမှ ပြန်ပေါ်မလာသေးတာကြောင့် မိဘတွေ၊ ပရဟိတအဖွဲ့တွေ၊ ရေလုပ်သားတွေအကူအညီနဲ့ ပိုက်ချပြီး အလျှင်အမြန် ရှာဖွေနေပြီး ညနေ ၄ နာရီမိနစ် ၂၀ မှာ ကျောင်းသားတဦးရဲ့အလောင်း ဆယ်ယူရရှိခဲ့ပါတယ်။
ရုပ်သံနှင့် ဓာတ်ပုံ - မင်းညို