Home
သတင်းဓာတ်ပုံ
ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေး စတိုးဆိုင် ကုန်ပစ္စည်းခန်း မီးလောင်
DVB
·
February 11, 2016
12744572_548954948613737_6318125992991995180_n
12743866_548955005280398_4421999092634938175_n
12743619_548954968613735_5884760662150930252_n
12728914_548954925280406_2171842971465755401_n
ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးရှိ မျိုးမြန်မာ ကုန်စုံစတိုးဆိုင် နောက်ဘက်မှာရှိတဲ့ ပစ္စည်းသိမ်း စတိုးခန်းမှာ ဒီနေ့ မနက် ၉ နာရီခွဲ အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုမှာ အခန်းလုံမှုကြောင့် လေဝင်လေထွက် နည်းပါးပြီး အပူအောင်းရာ ကနေ ပလတ်စတစ်ကြိုးတွေ၊ ကြာဇံအိတ်တွေ အောက်ခြေကနေ ဓာတ်ပြုလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က လက်ထောက်မီးသတ်တပ်ဖွဲ့မှူး ချမ်းငြိမ်းအောင်က ပြောပါတယ်။ မီးလောင်မှုမှာ အချိန်မီ မီးငြှိမ်းသတ်နိုင်မှုကြောင့် ကြာဇံအိတ် အချို့နဲ့ ပလတ်စတစ်ကြိုးခွေ အချို့သာ ဆုံးရှုံးခဲ့ပြီး တန်ဖိုး ၇၀၀၀၀ ကျပ်လောက် ဆုံးရှုံးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024