တရုတ်ကလပ်များ ကစားသမား ခေါ်ယူမှု ပရီးမီးယားလိဂ် နည်းပြများ စိုးရိမ်

ဓာတ်ပုံ - ဘီဘီစီ
တရုတ်နိုင်ငံ ဆူပါလိဂ် ကလပ်အသင်းတွေက ဘောလုံးသမား အပြောင်းအရွှေ့အတွက် ငွေကြေး အမြောက်အမြား သုံးခေါ်ယူနေတာကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် နည်းပြများက စိုးရိမ်နေပါတယ်။ ဒီနှစ်ကစားသမားအပြောင်းအရွှေ့မှာ ဂျေဆင် မာတီးနက်ဇ်ကို ပေါင် ၃၁ သန်းနဲ့ တရုတ် ဂွမ်ဇူး အဲဗားဂရန်ဒီအသင်းက ခေါ်ယူခဲ့သလို ချဲလ်ဆီးအသင်းက ရွန်းမဲကို ပေါင် ၂၅ သန်း၊ အဲလ်က်စ် တက်စ်စရီးယားကို ပေါင် ၃၁.၄ သန်းနဲ့ ဂျင်ဆု တရုတ်ကလပ်အသင်းက ခေါ်ယူခဲ့ပါတယ်။ ဒီလို ငွေကြေး အသုံးပြုပြီးခေါ်ယူတာကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိုးရိမ်ပူပန်မိ တယ်လို့ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောပါတယ်။ တရုတ်က ငွေကြေးအင်အားတောင့်တင်းတဲ့အတွက် ဥရောပက လိဂ်တွေ အကုန်လုံးတရုတ်ကို ပြောင်းသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။ တရုတ်က နိုင်ငံတကာ ဘောလုံးလောကထဲကိုဝင်ရောက်ဖို့နဲ့ အသိအမှတ်ပြုခံရဖို့ လေးလေးနက်နက် လုပ်နေတယ်လို့ ချဲလ်ဆီးနည်းပြ ဟစ်ဒင့်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up