Home
မြန်မာသတင်း
တောင်တွင်း-မကွေးကားလမ်းတွင် ယာဉ်တစီးတိမ်းမှောက် ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
DVB
·
February 10, 2016
12728902_1702441833310419_4962917772730916426_n
12705268_1702441946643741_7838960542764407633_n
12688349_1702441779977091_6249718020011045773_n
12661763_1702441766643759_3085541649836903397_n
12650942_1702441796643756_1918294779658770893_n
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ဖေဖော်ဝါရီလ ၉ ရက် ညနေ ၃ နာရီ ကျော်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ကာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခရီးသည် ၈ ဦးဒဏ်ရာ ရရှိ ခဲ့ပါတယ်။ ကုန်စိမ်းအသီးအနှံများနဲ့ ဈေးသည်များ တင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ တောင်တွင်းကြီးမြို့မှ မိကျောင်းရဲသို့  ပြန်လာစဉ် တောင်တွင်း-မကွေးကားလမ်း မိုင်တိုင်အမှတ် ၂၈၁/၅ အနီးတွင် မော်တော်ယာဉ် တိုက်ရော့ပြုတ်ကာ လမ်းရဲ့ ၀ဲဘက်ခြမ်း ပေ ၃၀ ခန့်အကွာ ရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော အသက် ၅၅ နှစ်ရှိ ဒေါ်စန်းမှာ နံရိုးကျိုးကာ အသဲစိုက်သည့် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ တခြားခရီးသည် ၈ ဦးလည်း ဒဏ်ရာအသီးသီး ရရှိခဲ့တာကြောင့် တောင်တွင်းကြီးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေ ပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးတိုးကြည်အား ဥပဒေအရ အရေးယူဆောင်ဆောင်ရွက်ပေးရန် ရဲတပ်ကြပ်ကြီး ရဲဝင်းမှ တရားလိုပြု လုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့မရဲတပ်ဖွဲ့စခန်း ယာဉ်(ပ) ၁၃/၂၀၁၆ ၊ ပြစ်မှုပုဒ်မ- ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။ သတင်း - သားကြီး (တောင်တွင်းကြီး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024