ငြိမ်းချမ်းရေးညီလာခံ ထောက်ခံပွဲ လွိုင်ကော်မြို့တွင် ကျင်းပ (ဓာတ်ပုံ)

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်းရှိ ကျောက်သားရင်ပြင်ပေါ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဂုဏ်ပြုထောက်ခံပွဲကို ဒီနေ့ မနက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးညီလာခံ ဂုဏ်ပြုထောက်ခံပွဲကို ကယားပြည်နယ် လွိုင်ကော်ခရိုင် အတွင်းရှိ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ နှင့် ရှားတောမြို့ တို့မှ ပြည်သူအချို့နဲ့ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ ကယန်းပြည်သစ်ပါတီမှ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး - ၁ ဗိုလ်မှူးစောလွင် က “ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာပြုလုပ်သွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကယန်းပြည်သစ်ပါတီမှ ရှုတ်ချခဲ့ပါတယ်။ ယခုအခါ ကျနော်တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ လွိုင်ကော်ခရိုင် ကိုယ်စားပြုလုပ်သွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဂုဏ်ပြုထောက်ခံပွဲကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကယန်းပြည်သစ်ပါတီမှ ယခုရက်ပိုင်းအတွင်းမှာပါ တရားဝင် ရှုတ်ချစာ ထုတ်ပြန်သွားပါမယ်။ ပြီးတော့ ယခုပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဂုဏ်ပြုထောက်ခံပွဲ တွင်တက်ရောက်ဖို့ ဖိတ်ကြားရာမှာလည်း မလာမနေရပုံစံမျိုးနဲ ဖိတ်ကြားတာတွေ တွေ့နေရပါတယ်။ ဒါဟာ လက်ရှိအစိုးရက အန်အယ်လ်ဒီ အစိုးအသစ်ကို ခနဲ့တာနဲ့တူတယ်”လို့ ပြောပါတယ်။ သတင်းဓာတ်ပုံ - ပြည်ဟိန်းကျော်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up