ဂျပန်ဇနှီးမောင်နှံတို့နှင့်အတူ ရင်းနှီးစွာလာရောက်နေထိုင်သည့် စာကလေး (ရုပ်သံ)
DVB
·
February 9, 2016
ဂျပန်နိုင်ငံ ဆိုင်တမာပြည်နယ်မှာ စာကလေးတကောင်ဟာ ဒေသခံဂျပန် ဇနီးမောင်နှံတို့ရဲ့အိမ်မှာ ရင်းရင်းနှီးနှီး လာရောက်နေထိုင်နေတာ အံ့သြစရာတွေ့မြင်ပါတယ်။ ဇနီးဖြစ်သူ ဖူဂျီနို ဟာ ဒေသခံမူလတန်း ကျောင်းတကျောင်းမှာ ခလေးတွေအတွက် လူကူး မျဉ်းကြားကူး စောင့်ကြပ်ပေးသူ ၀န်ထမ်းတဦးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျောင်းကအပြန် ဒီစာကလေးက အိမ်ကို လိုက်ပါလာတယ်လို့ ဖူဂျီနို က ပြောပြပါတယ်။
စာကလေးကို ပီးချမ်း Pee-chan လို့ နာမည်ပေးထားပြီး အိမ်ထဲမှာ ချကျွေးထားတဲ့ စားစရာတွေ စားလိုက်၊ အိမ်ရှင် ယိုရှိအို ကို စူးစမ်းလိုက်နဲ့ အိမ်မှာ မြဲနေတာ ၃ လနီးပါးရှိတော့မှာဖြစ်ပါတယ်။ သားသမီးမြေးမြစ်တွေလည်း အလုပ်နဲ့ အဝေးမှာ နေထိုင်နေကြတာကြောင့် သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ယောက်ဟာ စာကလေးတကောင်နဲ့ အဖော်ရနေပြီး ပျော်ရွှင်စရာ၊ စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ဖူဂျီနို က ပြောဆိုပါတယ်။
ဒီစာကလေးဟာ နီးစပ်ရာ တောထဲက စာကလေးပဲလား၊ ဒါမှမဟုတ် တခြားတအိမ်အိမ်မှာ မွေးထားတဲ့စာကလေးပဲလားဆိုတာ သေချာမသိရပေမယ့် စာကလေးဟာလည်း သူတို့အိမ်ထဲမှာ နေထိုင်နေတာ အဆင်ပြေနေပုံရတယ်လို့လည်း ဂျပန်ဇနီးမောင်နှံက ပြောပြပါတယ်။ ဂျပန်နိုင်ငံမှာ နိုဝင်ဘာလလယ်ကနေ ဖေဖော်ဝါရီလလယ်အထိ အခုလိုစာကလေးတွေကို အိမ်မှာ အပျော်မွေးမြူဖိ့ ဥပဒေနဲ့ ခွင့်ပြုထားပါတယ်။