ထိုင်းတွင် တရုတ်နှစ်ကူးကို ဆင်နွှဲ (သတင်းဓာတ်ပုံ)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ နေထိုင်တဲ့ တရုတ်အနွယ် ထိုင်းတွေက တရုတ်နှစ်ကူးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ နှစ်သစ်မှာ ကံကောင်းစေဖို့ အတွက် တချို့တွေက ကံကောင်းဖို့ ဆုတောင်းကြသလို ကုသိုလ်ကောင်းမှု တွေလည်း ပြုလုပ်နေပါတယ်။ လကို အခြေခံတဲ့ တရုတ် ပြက္ခဒိန်အရ ဒီနှစ်အတွက် နှစ်ကူးဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျရောက်ပြီး မျောက်နှစ်ရဲ့ ပထမဆုံး ရက်လည်း ဖြစ်ပါတယ်။ ဒီနှစ်ကူးပွဲတော်ကို နွေဦးပွဲတော်လို့လည်း ခေါ်ဝေါ်ပါတယ်။ ဘန်ကောက်က တရုတ်နှစ်သစ်ကူးနဲ့ပတ်သက်တဲ့ ပုံရိပ်တွေကို ထိုင်း ဘန်ကောက်ပိုစ့်သတင်းက သတင်းဓာတ်ပုံအဖြစ် ရိုက်ကူးတင်ဆက်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up