A d v e r t i s e m e n t With Us

မြန်မာ-အိုမန် ​ဘောလုံး​ပွဲ ရပ်ဆိုင်း​ခဲ့​ရသည့်​အ​ပေါ် အယ်ဒီတာတဦး​နှင့်​ ​မေး​မြန်း​ချက်

မ​နေ့​ ည​နေပိုင်း​က ရန်ကုန်မြို့​ သုဝဏ္ဏ​ဘောလုံး​ကွင်း​မှာ မြန်မာနဲ့​အိုမန်​ဘောလုံး​အသင်း​တို့​ ကစား​ခဲ့​တဲ့​ ​ဘောလုံး​ပွဲ ပျက်သွား​ခဲ့​ပါတယ်။ ဘောလုံး​ပွဲကြည့်​ ပရိသတ် ဆူပူ​သောင်း​ကျန်း​လို့​ ပွဲပျက်ခဲ့​ရတာလို့​ ဆိုပါတယ်။ ဒီပွဲနဲ့​ပတ်သက်ပြီး​ မြန်မာ​ဘောလုံး​အသင်း​ရဲ့​ အနာဂတ် ဘယ်လိုရှိလဲ၊​ တချိန်က နိုင်ငံတကာက​တောင် ချီး​ကျုး​ရတဲ့​ မြန်မာ​ဘောလုံး​ပရိသတ်​တွေ ဘာ​တွေဖြစ်ကုန်ကြပြီလဲဆိုတာနဲ့​ပတ်သက်ပြီး​ အိုလံပစ်အား​ကစား​ဂျာနယ်-အယ်ဒီတာ ကိုဟိန်း​သန့်​ကို ​မေး​မြန်း​ထား​ပါတယ်။ မ​နေ့​ကပွဲ ပျက်သွား​တာက ပရိသတ်​ကြောင့်​လား​၊​ ဒါ​ကြောင့်​မဟုတ်လို့​ရှိရင် ဒိုင်​တွေရဲ့​ ဆုံး​ဖြတ်ချက်​တွေ မှား​တာ​ကြောင့်​လား​ ​ပေါ့​ဗျာ။ “အဓိကက​တော့​ ပရိသတ်​ပေါ့​။ ပရိသတ်က အဲဒီ​လောက်အထိ ဆိုး​ဆိုး​ဝါး​ဝါး​ မလုပ်သင့်​ဘူး​။ တချို့​ ဂျင်ကလိနဲ့​ ပစ်တယ်တို့​ ဘာတို့​ ကြား​တော့​ ဒါကျ​တော့​ အန္တရာယ် ကျနိုင်တဲ့​အ​နေနဲ့​ မလုပ်သင့်​တဲ့​ အရာမျိုး​တွေ။” လော​လောဆယ် ကြား​တာက​တော့​ ​အေအက်ဖ်စီ ကလပ်မှာ ကျ​နော်တို့​ မြန်မာပြည်က ကလပ်အသင်း​တွေ ဝင်ကန်ဖို့​ သူတို့​ ခွင့်​ပြုဖို့​ သိပ်မလို​တော့​ဘူး​။ ​နောက်လ​လောက်မှာ ​တောင်မှ ခွင့်​ပြု​တော့​မယ် ဆိုတဲ့​အသံ​တွေ ကြား​တယ်ဗျ အဲဒါ​တွေကို​ရော ထိခိုက်သွား​နိုင်လား​ဗျ။ “ထိခိုက်ဖို့​များ​တယ်ဗျ အဲဒါ​တွေက​လေ။ ဘာဖြစ်လို့​လဲဆို​တော့​ အိမ်ရှင်ဆိုတာ ဒီနိုင်ငံထဲမှာပဲ လုပ်တာ။ ​နောက် အခုဖြစ်တဲ့​ ကိစ္စကလည်း​ အာရှကကြီး​မှူး​ပြီး​တော့​ လုပ်တဲ့​ဟာမျိုး​ မဟုတ်ဘူး​လေ။ ဖီဖာနဲ့​ ပတ်သက်​နေတဲ့​ဟာဆို​တော့​ ဖီဖာက ဒါမျိုး​ကျ​တော့​ အပြစ်ဒဏ်​ပေး​တာတို့​ ဘာတို့​က နည်း​နည်း​ကြမ်း​တယ်။ အခြား​ အိမ်ရှင်လုပ်ခွင့်​တို့​ ဘာတို့​ ထိခိုက်ဖို့​ များ​တယ်လို့​ ထင်တယ်။ ဒီမှာ ကိုယ်က ဒိုင်သူကြီး​ကို မှား​ပါတယ်တို့​ ဘာတို့​ အစီရင်ခံစာ​တွေ ဘာ​တွေ ဘယ်​လောက် တင်တင်​လေ။ အဓိကက ကိုယ်​ကြောင့်​ ပွဲတပွဲ ပျက်သွား​တယ်ဆိုတာ ဒါ ​တော်ရုံတန်ရုံက ဖြစ်ခဲတယ်။” ကျ​နော်တို့​ မ​နေ့​က ဖြစ်သွား​တဲ့​ ပွဲလိုမျိုး​ အလား​တူ ကမ္ဘာမှာ ဖြစ်ဖူး​လား​ဗျ။ ဖတ်ဖူး​မှတ်ဖူး​ ကြား​ဖူး​သ​လောက်​ပေါ့​။ “ကလပ်ပွဲ​တွေက​တော့​ များ​တယ်။ နိုင်ငံပွဲ​တွေမှာ​တော့​ အဲဒီလိုမျိုး​ ဖြစ်​လေ့​ဖြစ်ထ သိပ်မရှိဘူး​ခင်ဗျ၊​ ကျ​နော် သိသ​လောက်​ပေါ့​လေ။ အရမ်း​ဆိုး​ဝါး​ပြီး​တော့​ ပွဲစဉ်ကို ပွဲကစား​နေတုန်း​ ရပ်ပစ်လိုက်ရ​အောင်က ဟိုး​အရင်တုန်း​က​တော့​ ရှိချင် ရှိမယ်၊​ အခု ​နောက်ပိုင်း​မှာ​တော့​ ကျ​နော် သိပ်မကြား​မိဘူး​ခင်ဗျ။” ဒါမျိုး​ဆိုလို့​ရှိရင် များ​သောအား​ဖြင့်​ ဖီဖာက ဘယ်လို အ​ရေး​ယူ​လေ့​ ရှိလဲဗျ။ “ကျိန်း​သေတာ​တော့​ ဒဏ်​ငွေ အရိုက်ခံရ​တော့​မယ်။ ဒဏ်​ငွေက​တော့​ ထိမှာ ကျိန်း​သေတယ်။ ဒဏ်​ငွေထိမယ် ​နောက် ပွဲပိတ်တာတို့​ ဘာတို့​ ဖြစ်လာနိုင်တယ်။ အိမ်ရှင်ကျင်း​ပခွင့်​ ပိတ်တာမျိုး​ ဖြစ်လာနိုင်သလို နိုင်ငံတကာပွဲ​ပေါ့​ ဖီဖာနဲ့​ ပတ်သက်တဲ့​ ပွဲ မကစား​ရဘူး​ ဆိုတဲ့​ အဆင်​လောက်အထိ ပိတ်တာမျိုး​လည်း​ ဖြစ်သွား​နိုင်တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဝင်ပြိုင်မယ်ဆိုပြီး​ စာရင်း​ပေး​ပြီး​တော့​ မပြိုင်တုန်း​က​တောင် ဗမာကို အဲဒီ ကမ္ဘာ့​ဖလား​ခြေစစ်ပွဲ မဝင်ဖို့​ ပိတ်ထား​ဖူး​တယ်​လေ။ ပိတ်ထား​ပြီး​တော့​ အခုမှ တခါ ပြန်ပြီး​ ဝင်တာကိုး​။ အခုမှ ပြန်ဝင်တဲ့​အချိန်မှာ အခုလို ပြဿနာမျိုး​ ဖြစ်တယ် ဆိုတာ ဒါ သိပ်မ​ကောင်း​ဘူး​ပေါ့​။ ကျ​နော့်​စိတ်ထင်​တော့​ အဲဒီလိုမျိုး​ ပွဲပိတ်တာမျိုး​ နိုင်ငံတကာ ပြိုင်ပွဲ ဝင်ပြိုင်ခွင့်​ ပိတ်တာမျိုး​အထိကို ဖီဖာနဲ့​ ပတ်သက်တဲ့​ ပွဲ​တွေ​ပေါ့​လေ။ အဲဒါမျိုး​ ပိတ်တာမျိုး​အထိ ခံရဖို့​ ရှိနိုင်တယ်။” ကျ​နော်တို့​အသင်း​ ဘယ်တုန်း​က အဲဒီလို အပိတ်ခံရဖူး​တာလဲ ဝင်မပြိုင်ဖို့​ ဆိုပြီး​တော့​။ “ကျ​နော် သိရသ​လောက်ဆိုရင် ၁၉၉၀ ​ကျော်​ကျော်​လောက်မှာ အဲဒီလိုမျိုး​ ဝင်ပြိုင်မယ်ဆိုပြီး​ စာရင်း​ပေး​ပြီး​တော့​ မပြိုင်ဖြစ်ဘူး​။ ကျ​နော် ခုနှစ်​တော့​ အတိအကျ မသိ​တော့​ဘူး​ မမှတ်မိ​တော့​ဘူး​လေ။ အဲဒီလိုမျိုး​ world cup ​ခြေစစ်ပွဲ ဝင်ပြိုင်မယ် ဆိုပြီး​တော့​ စာရင်း​ပေး​တယ်၊​ စာရင်း​ပေး​ပြီး​တော့​ မပြိုင်ဖြစ်ဘူး​။ မပြိုင်ဖြစ်တဲ့​အတွက် ပိတ်ထား​တယ်။ ပိတ်ထား​ပြီး​တော့​ အခု ပြန်ပွင့်​လာတာ။ ​လေး​ငါး​နှစ်​လောက်ပဲ ရှိဦး​မယ် ထင်တယ်။” မ​နေ့​က ဖြစ်သွား​တဲ့​ ပွဲရဲ့​ သက်​ရောက်မှုက ကျ​နော်တို့​ မြန်မာ​ဘောလုံး​ ​လောက အတွက်​ပေါ့​ဗျာ နဂိုကမှ နိမ့်​ကျ​နေတဲ့​ မြန်မာ​ဘောလုံး​က ဒီ မ​နေ့​က အဖြစ်အပျက်နဲ့​ ပတ်သက်ပြီး​တော့​ အလား​အလာ ဘယ်လို မြင်ရလဲဗျာ။ “ဒီဖြစ်ရပ်​ကြောင့်​ချည်း​လည်း​ မဟုတ်ပါဘူး​။ သိပ်ပြီး​တော့​လည်း​ တိုး​တက်ဖို့​ က​တော့​ သိပ်ရှိမယ် မထင်ပါဘူး​။ အခု လုပ်​နေတဲ့​ ပုံစံမျိုး​နဲ့​ ဘာနဲ့​ ဆိုရင်​လေ။ သူ့​ဟာသူ အခု ပိတ်သည်ဖြစ်​စေ မပိတ်သည်ဖြစ်​စေ ဒီအတိုင်း​ပေါ့​။ နည်း​နည်း​တော့​ နိုင်ငံတကာမှာ ကျ​တော့​ နည်း​နည်း​ အဟွာဖြစ်သွား​တာ​ပေါ့​။ ကျန်တဲ့​ နိုင်ငံ​တွေရဲ့​ မြန်မာပြည်က ဒါမျိုး​ ဖြစ်တယ်ဆို​တော့​ နည်း​နည်း​တော့​ ရှက်ဖို့​ ​ကောင်း​သွား​တာ​ပေါ့​။” အဲဒီ​တော့​ မြန်မာ​ဘောလုံး​ နိုင်ငံမှာ ကျင်း​ပသမျှ ပွဲ​တွေမှာ အလား​တူ ဖြစ်ရပ်မျိုး​ ဖြစ်ခဲ့​ဖူး​တယ်လို့​ ကြား​ဖူး​လား​ဗျ။ “မကြား​ဖူး​ပါဘူး​။ အဲဒီလို ပြင်း​ပြင်း​ထန်ထန် ဒီ အခု​နောက်ပိုင်း​မှာ အဲဒီလိုမျိုး​တွေ ဖြစ်လာတာ။ အရင်တုန်း​က​တော့​ သိပ်မကြား​ဘူး​ပါဘူး​။ ပြည်တွင်း​ပွဲ​တွေမှာ လူ​တွေ ပြည့်​ကျပ်​နေရင်​တောင် သူ့​ဟာသူ ​ဘောလုံး​သမား​အချင်း​ချင်း​ ထိန်း​ပြီး​တော့​ ​ဘော်လုံး​ သမား​တွေက ထိန်း​ပြီး​တာ့​ ဟိုး​တခါ ကျ​နော်တို့​ ​လေး​ပွင်ဆိုင်တို့​ ဘာတို့​ ၉၅ မတိုင်မီ ၉၃ တို့​ ၉၄ တို့​ အဲဒီ​လောက်တုန်း​က ဆိုရင်လည်း​ အဲဒီလိုမျိုး​ လူ​တွေ ပြည့်​ကျပ် ကွင်း​ထဲမှာ​တောင် ပွဲကြည့်​ပရိသတ်​တွေ အများ​ကြီး​နဲ့​ ကစား​သေး​တာပဲ။ အဲဒီလို မျိုး​တောင် ထိန်း​လို့​ ရ​သေး​တယ်။ နိုင်ငံတကာပွဲ​တွေလည်း​ အဲဒီ​လောက်အထိ ဆိုး​ဆိုး​ဝါး​ဝါး​ ဖြစ်တယ်ဆိုတာမျိုး​ သိပ် မရှိဘူး​ခင်ဗျ။ မရှိသ​လောက်ပါပဲ။ အခု​နောက်ပိုင်း​မှ တဖြည်း​ဖြည်း​နဲ့​ အခု ကြည့်​ရသ​လောက် ပွဲ​တွေ စလာတဲ့​ ​နောက်ပိုင်း​မှာ အဲဒီလိုမျိုး​ အကြမ်း​ဖက်တဲ့​ ဟာမျိုး​တွေက ပိုပြီး​များ​လာတယ် ထင်တယ်။” ကျ​နော်တို့​ ဒီ​နေ့​ကြည့်​ရတဲ့​ မ​နေ့​က ဗွီဒီယို အပိုင်း​အစ​တွေမှာ ဘာ​တွေ့​ရလဲ ဆို​တော့​ အထူး​တန်း​ကို ကျပ် တ​ထောင်​ကောက်တယ်။ ကျန်တဲ့​ အတန်း​တွေကို သူက ဖရီး​ပေး​လိုက်တယ်​ပေါ့​။ အခမဲ့​ ကြည့်​ရှုခွင့်​ပေး​တယ် အဲဒီမှာ ကျ​နော်တို့​ ကြည့်​ရတဲ့​ ဗွီဒီယိုဖူး​ဒစ်​လေး​မှာ ဘာပါလဲဆို​တော့​ အခမဲ့​ ​ပေး​ဝင်မယ် ဆိုတဲ့​ အ​ပေါက်​တွေ ပိတ်ထား​တယ်ဗျ။ ပိတ်ထား​တော့​ ပရိသတ်က အဲဒီ ကွင်း​ထဲကို မ​ရောက်ခင် ကွင်း​အပြင်မှာ တန်း​စီပြီး​တော့​ အုံခဲ​နေတဲ့​အထဲက သူတို့​ ​ဒေါသ​တွေ ဖြစ်​နေတယ်​ပေါ့​ဗျာ။ စီမံခန့်​ခွဲမှု ညံ့​ဖျင်း​တယ်လို့​လည်း​ တပိုင်း​က ​ပြောကြတယ်ဗျ အဲဒါ​ကော ဘယ်​လောက်အထိ ​ပြောလို့​ ရမလဲဗျ ဒီ ပရိသတ်ရဲ့​။ “အဲဒီလိုမျိုး​ ကွင်း​ကို အခမဲ့​ ဝင်ခွင့်​ပေး​တယ် ဆိုတာကိုက တခုခုလို ဖြစ်ရပ်မျိုး​ ဖိတ်​ခေါ်ထား​တယ်လို့​ ထင်တယ်​လေ။ ပိုက်ဆံမ​ပေး​ရဘူး​ဆိုရင် ​တော်ရုံတန်ရုံက လူတန်း​စား​ပေါင်း​စုံက လာကြည့်​တော့​မှာ။ စရိုက်မျိုး​စုံလာကြည့်​မယ်၊​ ကွင်း​အတွင်း​မှာ မျိုး​စုံ ဖြစ်နိုင်တယ်။ အမှန်မှာ ဘယ်နိုင်ငံမှလည်း​ ဒါမျိုး​ နိုင်ငံတကာ ပွဲမျိုး​ကို အခမဲ့​ကြီး​ ဝင်ကြည့်​ခိုင်း​တယ်ဆိုတာ​တော့​ တခြား​နိုင်ငံ​တွေ ဘာ​တွေမှာလည်း​ ​တော်ရုံတန်ရုံက ရှား​ပါတယ်။ အမှန်မှာ အထူး​တန်း​ကို ၅၀၀၀ ​လောက်​တောင်း​မယ်။ တခြား​အတန်း​တွေ ၃၀၀၀ ​လောက် ​တောင်း​မယ်ဆိုရင် ဒါ လူဝင်လူထွက်က နည်း​နည်း​ တန့်​သွား​မယ်။ အခုက​တော့​ ကြုံတဲ့​လူ အမူး​သမား​တွေကလည်း​ဝင်။” ကျ​နော်တို့​လည်း​ ​ဘောပွဲ​တွေ ကြည့်​ခဲ့​ဖူး​ပါတယ် ခင်ဗျ။ ကြည့်​ခဲ့​ဖူး​တာမှ မြန်မာ​ဘောလုံး​ ပရိသတ်က တခါက ဆိုလို့​ရှိရင်​ပေါ့​ဗျာ အင်မတန်​တောင် ချီး​ကျူး​ခံရပါတယ်ခင်ဗျ။ ပရိသတ်က သိက္ခာရှိတယ်​ပေါ့​ဗျာ။ အား​ပေး​တာ ဘက်မလိုက်ဘူး​ပေါ့​ဗျာ။ အဲဒီလို အ​နေအထား​က​နေပြီး​တော့​ ပရိသတ်က အခုလို ရုပ်ပျက်ဆင်း​ပျက် ဖြစ်တဲ့​ အ​နေအထား​အထိ ဖြစ်သွား​တာက ဘယ်လို ထင်မြင်မိလဲဗျာ။ အဖြစ်အပျက်အ​ပေါ်​ပေါ့​နော်။ “ကျ​နော် စိတ်ထင်​ပြောရရင် လူစိတ်ဓာတ်ပိုင်း​ဆိုင်ရာကလည်း​ တဖြည်း​ဖြည်း​နဲ့​ ​ပြောင်း​လဲလာတာမျိုး​တွေ ရှိတယ်။ ​နောက်တချက်က မဖြစ်နိုင်တဲ့​ဟာ တခုကို အတင်း​ကြီး​ ဖြစ်ချင်​နေတဲ့​စိတ်​တွေက အရမ်း​ပြင်း​ထန်လွန်း​နေတယ်လို့​ ကျ​နော် ထင်တယ်​လေ။ မဖြစ်နိုင်​သေး​တဲ့​ ဟာမျိုး​ကို အရမ်း​ကြီး​ ပြင်း​ထန်​နေတယ်။ ဒီ ​နောက် နိုင်ငံတကာပွဲ​တွေကို အများ​စု ကြည့်​ရတဲ့​အခါမှာ အဲဒီမျိုး​ မ​ကောင်း​တဲ့​ အကျင့်​တွေကို သွား​ပြီး​တာ့​ မြင်ထား​တာမျိုး​တို့​၊​ ​တွေ့​ထား​တာမျိုး​တို့​ အဲဒါ​တွေကလည်း​ ဒီ ပရိသတ်​တွေရဲ့​ စိတ်ကို နည်း​နည်း​ ​ပြောင်း​သွား​စေတယ်လို့​ ကျ​နော် ထင်တယ်။ မြန်မာအသင်း​က တဖြည်း​ဖြည်း​နဲ့​ နိမ့်​ကျလာတဲ့​ အချိန်မျိုး​မှာ​ပေါ့​ ကိုယ့်​ဆီလာကန်တဲ့​ ပွဲမျိုး​ဆို အတင်း​ကို နိုင်ချင်တယ်။ နိုင်ချင်တဲ့​အတွက် နိုင်တယ်ဆိုတဲ့​ဟာမျိုး​ ဖြစ်ဖို့​ကို နည်း​လမ်း​ပေါင်း​စုံနဲ့​ ဖိအား​ပေး​ပြီး​ ကြိုစား​ကြည့်​ကြတာ​ပေါ့​။ အဲဒီလိုမျိုး​မှာ မဖြစ်တဲ့​အခါ မျိုး​ကျ​တော့​ ​ပေါက်ကွဲတာ​ပေါ့​ အဲဒါမျိုး​ ဖြစ်တာပါ။”

A d v e r t i s e m e n t With Us

More News
Up