DVB Logo
Home
မြန်မာသတင်း
ရှမ်း​ပြည်နယ် ​ကျောက်မဲမြို့​ ပစ်ခတ်မှုအတွင်း​ ၃ ဦး​သေဆုံး
DVB
·
July 29, 2011
Donate to DVB

ရှမ်း​ပြည်နယ် ​ကျောက်မဲမြို့​မှာ ဒီ​နေ့​မနက်အ​စောပိုင်း​က ပစ်ခတ်မှုတခုဖြစ် ပွား​ခဲ့​ပြီး​ ၃ ဦး​ ​သေဆုံး​၊​ ၄ ဦး​ထက်မနည်း​ ဒဏ်ရာ ရှိသွား​ပြီး​ စစ်တပ်ပင်စင်စား​တဦး​ကို ဖမ်း​ဆီး​ခေါ်​ဆောင်သွား​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“​ကျောက်မဲက ဒီမနက် ၄ နာရီ​လောက်က​ပေါ့​ ​ကျောက်မဲ မြို့​အဝင် ဂိတ်နား​ပေါ့​ အဲဒီနား​မှာ ပစ်ခတ်မှုဖြစ်လို့​ လူ ၃ ​ယောက်​သေတယ်။ ၄ ​ယောက်ဒဏ်ရာရတယ်။ ၁ ​ယောက်ကို ဖမ်း​ပြီး​ ​ခေါ်သွား​တယ်။”

အဲဒီ ဖမ်း​ခေါ်သွား​တဲ့​လူက အရပ်သား​လား​ စစ်သား​လား​။

“အဲဒီလူက တပ်က ပင်စင်စား​လို့​ ​ပြောပါတယ်။ ​ဆေး​တပ်ကလို့​ ​ပြောတယ် ​ဆေး​မှူး​။”

ဘယ်သူက လာပြီး​တော့​ ပစ်တာလဲ။

“အဲဒါ​တော့​ မသိဘူး​ ဆိုင်ကယ်နဲ့​ ပစ်​ပြေး​သွား​တယ်လို့​ ​ပြောတယ်။”

အဲဒီ ​ကျောက်မဲမြို့​ အဝင်ဂိတ်မှာ ဘယ်သူ​တွေ ရှိ​နေလဲ။

“အဲဒီမှာကလူစုံရှိတယ်။ က​လေး​တွေ ဆိုင်ကယ်သမား​တွေ ရှိတယ် အဲဒီနား​မှာ။ ဆိုင်ကယ်သမား​တွေ ထိုင်တဲ့​နေရာ ဆိုင်ကယ်​တွေ ဂိတ်ထိုး​ထား​တဲ့​ ​နေရာ။”

စစ်တပ်တို့​ ရဲ့​တို့​ မရှိဘူး​လား​ အဲဒီမှာ။

“စစ်တပ် အဲဒီနား​မှာ အ​မြောက်တပ်ရှိပါတယ်။”

ဒဏ်ရာရတဲ့​လူ​တွေ ​သေဆုံး​တဲ့​လူ​တွေက ရိုး​ရိုး​အရပ်သား​တွေလား၊​ စစ်သား​တွေလား​၊ ရဲ​တွေလား​။

“အဲဒါ​တော့​ ကျ​နော်လည်း​ အ​သေး​စိတ် မသိဘူး​ဗျ။ ဒဏ်ရာရတဲ့​လူ ဒီ​ဆေး​ရုံမှာပဲ ​နေမှာ​ပေါ့​။”

ကျောက်မဲမြို့​ ပစ်ခတ်မှုဖြစ်ပြီး​ ၅ မိနစ်​လောက်အကြာမှာ ​ကျောက်မဲမြို့​နယ် ​နောင်အန်း​ရွာမှာ အ​ခြေချထား​တဲ့​ မြန်မာအစိုး​ရတပ်က ​လောင်ချာနဲ့​ ပစ်ခတ်ခံရတဲ့​အတွက် အရာခံဗိုလ်တဦး​အပါ တပ်သား​ ၅ ဦး​ ထိခိုက်ဒဏ်ရာရသွား​တယ်လို့​ အဲဒီ​ကျောက်မဲမြို့​ခံက ​ပြောပါတယ်။

“ကျ​နော်က သတင်း​ရသ​လောက်ပဲ။ ​နောက်ပြီး​ ​နောင်အင်မှာ အဲဒီမှာ ​လောင်ချာနဲ့​ ပစ်တယ်လို့​ ကြား​တယ်။ အဲဒီမှာ အရာခံဗိုလ် တ​ယောက်ရယ်၊​ တပ်သား​ ၅ ​ယောက်ရယ် ဒဏ်ရာရသွား​တယ်လို့​ ​ပြောပါတယ်။ မြို့​စွန်​တွေက​တော့​ အကုန်လုံး​ ရဲ​တွေက​တော့​ ကျ​နော်တို့​ ခိုင်လုံတဲ့​ သတင်း​က​တော့​ ဒုရဲအုပ် တ​ယောက်​ပြောတယ်တဲ့​ စာ​ရေး​မက ​ပြောတယ်။ သူ့​အိမ်နား​မှာ ဒုရဲအုပ် တ​ယောက်ရှိတယ်။ သူက စခန်း​ကို သွား​မေး​ကြည့်​တော့​ အဲဒါ​တွေလည်း​ ​ပြောတယ်လို့​ ​ပြောတယ်။”

ထိခိုက်ဒဏ်ရာမှုအ​သေး​စိတ်ကို သိရဖို့​ ​ကျောက်မဲပြည်သူ့​ဆေး​ရုံကို ​မေး​မြန်း​ရာမှာ​တော့​ ​ဖြေဆိုခွင့်​မရှိဘူး​လို့​သာ ​ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွား​တဲ့​နေရာမှာ ရှမ်း​ပြည်တပ်မ​တော်တပ်ဖွဲ့​ဝင်​တွေ လှုပ်ရှား​ရာ​နေရာဖြစ်ပြီး​ ဘယ်တပ်က ပစ်ခတ်တာလဲဆိုတာကို အတိအကျ မသိရ​သေး​ဘူး​လို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီရဲ့​ ​ပြောခွင့်​ရသူ ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။

“ကျ​နော့်​ဆီ တရား​ဝင် မ​ရောက်​သေး​တော့​ ကျ​နော်လည်း​ အတည်ပြုလို့​ မရဘူး​လေ။ အဲဒီဘက်မှာ လှုပ်ရှား​တာက ​တောင်ပိုင်း​လည်း​ ရှိတယ်၊​ ​မြောက်ပိုင်း​လည်း​ ရှိတယ်။ အက်စ်အက်စ်​အေ ​မြောက်ပိုင်း​ ​တောင်ပိုင်း​ရှိတယ်။ ပူး​တွဲပြီး​တော့​ ပစ်တာလား​၊​ ဘယ်အဖွဲ့​က သီး​ခြား​ပစ်တာလား​ဆိုတာ မသိဘူး​လေ အဲဒါ။”

ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၁၂ ရက်​နေ့​ကလည်း​ ​ကျောက်မဲမြို့​အဝင် အခွန် ​ကောက်ဂိတ်မှာ ဗုံး​တလုံး​ပေါက်ကွဲပြီး​ အရပ်သား​ ၄ ဦး​ ဒဏ်ရာရရှိသွား​ပါ​သေး​တယ်။

ရှမ်း​ပြည်နယ် ​ကျေး​သီး​မြို့​နယ် မိုင်း​ကောင်ဘက်မှာလည်း​ မ​နေ့​က အစိုး​ရတပ်ကို ရှမ်း​တပ်ဖွဲ့​ ဝင်​ရောက်ပစ်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013