DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနှင့်​ မြန်မာအစိုး​ရတပ်အကြား​ တိုက်ပွဲထပ်ဖြစ်​နေ
DVB
·
July 29, 2011
ကေအိုင်​အေနှင့်​ မြန်မာအစိုး​ရတပ်အကြား​ တိုက်ပွဲထပ်ဖြစ်​နေ
Donate to DVB

ဒီက​နေ့​ ည​နေ ၅ နာရီဝန်း​ကျင်ကစလို့​ မိုး​မောက်မြို့​နယ်အတွင်း​ ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော်(​ကေအိုင်​အေ)နဲ့​ မြန်မာစစ်တပ်အကြား​ တိုက်ပွဲဖြစ်​နေ တယ်လို့​ လိုင်ဇာကလာတဲ့​သတင်း​တွေအရ သိရပါတယ်။

ဗန်း​မော်က​နေ ဆန်ရိက္ခာ​တွေသယ်​ဆောင်ပြီး​ မိုး​မောက်မြို့​နယ်၊​ ဒွန်ဘုံတပ်စခန်း​မှာ ရှိ​နေတဲ့​ မြန်မာစစ်တပ်​ရှေ့​တန်း​စခန်း​ကို ပို့​ဆောင်ဖို့​ ထွက်လာတဲ့​ စစ်ကား​ ၂ စီး​ကို ​ကေအိုင်​အေတပ်ဖွဲ့​က ကြား​က ဖြတ်တိုက်တာလို့​ ​ကေအိုင်​အေနဲ့​ နီး​စပ်သူ ​ဒေသခံတဦး​က အခုလို ​ပြောပါတယ်။

“ဗန်း​မော်က​နေ ဒွန်ဘုံကို ရိက္ခာပို့​တာ။ အခုဖြစ်​နေတဲ့​နေရာက ဝဝမ်ကွန်ဘန်တဲ့​။ ဒွန်ဘုံမှာကျ​တော့​ ထမင်း​မစား​ရတဲ့​သူ​တွေ ရှိ​နေတယ်တဲ့​။ ရိက္ခာပြတ်​နေပြီ​ပေါ့​။ အခုက ဗမာစခန်း​၊​ ဒွန်ဘုံကို ရိက္ခာသွား​ပို့​တာ။ ဆန်​တွေ​ပေါ့​။ ဝဝမ်ကွန်ဘန်မှာ တိုက်​နေတာ အခု။ အခုလည်း​ တိုက်ပွဲဖြစ်​နေတုန်း​တဲ့​။

ကေအိုင်​အေအဖွဲ့​က ရိက္ခာပြတ်​နေတဲ့​ ဒွန်ဘုံစခန်း​က မြန်မာစစ်သား​တွေ ရိက္ခာမရနိုင်​အောင် လမ်း​က​နေ ဖြတ်တိုက်​နေတာဖြစ်ပြီး​ ဗန်း​မော်ဘက်က​နေ ထွက်လာတဲ့​ စစ်ကူ​တွေနဲ့​လည်း​ ထပ်ပြီး​ တိုက်ပွဲဖြစ်​နေတယ်လို့​ ဆိုပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံး​မှုအ​ခြေအ​နေ​တွေ​တော့​ မသိရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013