Home
မြန်မာသတင်း
ဘားအံမြို့တွင် ငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲပြုလုပ်
နော်နိုရင်း
·
February 5, 2016
12688256_1767041816850055_3264783252820359199_n
12662636_1767041833516720_9041764345667767907_n
12654521_1767041906850046_815623003935146711_n
12651367_1767041853516718_372812640589179685_n
10153810_1767041780183392_1736287676664920477_n
ကရင်ပြည်နယ် ဘားအံမြို့မှာ သီရိကွင်းမှာ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲတရပ် ပြုလုပ်သွားပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး လူပေါင်း တထောင်ကျော်လောက် တက်ရောက်ခဲ့ တယ်လို့ ဘားအံမြို့ခံ ဦးကျော်မင်းစိန်က ပြောပါတယ်။ “ပြည်ထောင်စုငြိမ်းချမ်းရေး ထောက်ခံကြိုဆိုပွဲဆိုပြီးတော့ စစ်ကြောင်းတွေနဲ့ပုံဖော်ပြီးတော့ မနက် ၇ နာရီကျော်လောက်မှစချီတက်တယ်။ အကုန်လုံး တိုင်းရင်းသားဝတ်စုံတွေ၊ သူနာပြုဝတ်စုံတွေရော၊ ဌာနဆိုင်ရာတွေရောပေါ့။ အဓိကကတော့ ပြည်ထောင်စုငြိမ်းရေးကြိုဆိုထောက်ခံပွဲ ဒို့အရေးလို့အော်ကြတာပေါ့။ ” ဒီပွဲကိုဦးစီးကျင်းပရာမှာ ပါဝင်တဲ့ အေအန်ယူ၊ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူတဦးကလည်း “ဒီငြိမ်းချမ်းရေးကို အဓိက အတူတူလက်တွဲပြီးတော့ ဖော်ဆောင်တဲ့ သဘောတရားပါပဲ။ အဖွဲ့အစည်းတခုတည်းမဟုတ်ဘဲနဲ့ ပြည်သူတွေကအစ အကုန် ပူးပေါင်းပြီးတော့ လက်တွဲပြီးတော့ လုပ်ဆောင်တဲ့သဘောပါ” လို့ ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက် ကနေ ၁၆ ရက်အထိ နေပြည်တော်မှာ  ၅ ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က အစုအဖွဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ ၅ ရပ်ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဓာတ်ပုံ - U Kyaw Gyi  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024