DVB Logo
Home
မြန်မာသတင်း
နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁၀ ဦး​ ​ကေအန်ယူနှင့်​ပူး​ပေါင်း
DVB
·
July 29, 2011
နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁၀ ဦး​ ​ကေအန်ယူနှင့်​ပူး​ပေါင်း
Donate to DVB

ကရင်ပြည်နယ် မြိုင်ကြီး​ငူ​ဒေသဘက်မှာ တာဝန်ကျတဲ့​ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁၀ ဦး​ ကရင်အမျိုး​သား​အစည်း​အရုံး​နဲ့​ လာ​ရောက် ပူး​ပေါင်း​ခဲ့​ပါတယ်။

မြိုင်ကြီး​ငူမှာ တာဝန်ကျတဲ့​ နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၂ လက်​အောက်က တပ်ကြပ် ​ဒေး​ဂျိုး​နဲ့​အဖွဲ့​ ၁၀ ဦး​ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ တပ်မဟာ ၇ နဲ့​ မ​နေ့​က ပူး​ပေါင်း​တာဖြစ်ပါတယ်။

လာ​ရောက်ပူး​ပေါင်း​တဲ့​ တပ်ကြပ်​ဒေး​ဂျိုး​က “ကျ​နော်တို့​ ပူး​ပေါင်း​ရတဲ့​ အ​ကြောင်း​အရင်း​က ဗမာစစ်တပ်​တွေ ကျ​နော်တို့​ ကရင်တပ်ဖွဲ့​ကို နယ်ခြား​စောင့်​တပ်​ပြောင်း​ပြီး​ ဒီ​ကေဘီ​အေကို ​ဖျောက်ဖျက်ပစ်လိုက်တာ​ကြောင့်​ဖြစ်တယ်” လို့​ ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၂ တပ်ရင်း​မှူး​ဟာ ဒု-ဗိုလ်မှူး​ကြီး​ ပိုဘိဖြစ်ပြီး​ လွန်ခဲ့​တဲ့​ ဇွန်လတုန်း​က နယ်ခြား​စောင့်​တပ်တံဆိပ်ကို ဖြုတ်ပြီး​ ဒီ​ကေဘီ​အေအ​နေနဲ့​ ပြန်လည်ရပ်တည်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ​ကေအန်ယူနဲ့​ တရား​ဝင် ပူး​ပေါင်း​ခြင်း​တော့​ မရှိပါဘူး​။

အခု ပူး​ပေါင်း​လာတဲ့​ သူ့​လက်​အောက်ခံတပ်ဖွဲ့​ဝင် ၁၀ ဦး​က​တော့​ တရား​ဝင်ပူး​ပေါင်း​လာတာဖြစ်တယ်လို့​ ​အေအန်ယူ တပ်မဟာ ၇ ရဲ့​ ရုံး​ထိုင်မှူး​ ​စောအယ် ဆဲဆဲက ​ပြောပါတယ်။

“ဇူလိုင် ၂၈ ရက်​နေ့​မှာ ည​နေပိုင်း​လောက်မှာ ကျ​နော်တို့​ ဆီမှာ ​ရောက်လာတယ်။ တာဝန်ရှိတဲ့​လူ ​ပြောတဲ့​ပုံအရက​တော့​ သူတို့​ အရင်က တခါ ဒီ​ကေဘီ​အေက​နေပြီး​တော့​ တခါသွား​ပြီး​ပြီ။ ​နောက်​တော့​ နအဖ ရန်သူက​နေ ပြီး​တော့​ သူတို့​ကို နယ်ခြား​စောင့်​တပ်လုပ်ခိုင်း​တဲ့​အ​ပေါ်မှာ သူတို့​ အဲဒီမှာ သူတို့​ မကြိုက်ဘူး​ သူတို့​ လည်း​ နယ်ခြား​စောင့်​တပ် တံဆိပ် မတတ်ပါဘူး​။ အဲဒါ​ကြောင့်​မို့​ သူတို့​ မိခင်အဖွဲ့​အစည်း​ဆီကို ပြန်လာတယ်ဆိုတဲ့​အ​ကြောင်း​၊​ ​နောက်ပြီး​တော့​ လူကြီး​ ​ခေါင်း​ဆောင်ကလည်း​ ဒီ် ​ရှေ့​တန်း​မှာ ပူး​ပေါင်း​ပြီး​တော့​ သတ်ဖြတ်​နေတဲ့​ အ​ကြောင်း​ပေါ့​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013