DVB Logo
Home
မြန်မာသတင်း
ပညာပါရမီ​ကျောင်း​ဖွင့်​ရန် တား​မြစ်ခံရ
DVB
·
July 29, 2011
Donate to DVB

မ​ကွေး​တိုင်း​ ​အောင်လံမြို့​နယ်က ​ကျောင်း​ဆရာ ၇ ဦး​စု​ပေါင်း​ပြီး​ အခမဲ့​ ပညာပါရမီ ​ကျောင်း​ဖွင့်​ရာမှာ အာဏာပိုင်​တွေရဲ့​ တား​မြစ်မှု​ကြောင့်​ ​ကျောင်း​သား​တွေ ​ကျောင်း​မတက်ရဲဘဲ ဖြစ်​နေကြရတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

ပညာပါရမီ​ကျောင်း​ကို ​အောင်လံမြို့​ ​ရေဝန်း​ဘုန်း​တော်ကြီး​ကျောင်း​မှာဖွင့်​ဖို့​ ဆရာ​တော်ဆီက​နေ ခွင့်​ပြုချက်ရရှိခဲ့​ပေမယ့်​ အာဏာပိုင်​တွေက ​ကျောင်း​ထိုင်ဆရာ ​တော်ကို ခွင်မပြုဖို့​ လာ​ရောက် ​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါ​ပေမယ့်​ ဆရာ​တော်က လူမှု​ရေး​ကိစ္စဖြစ်တာ​ကြောင့်​ ဆက်လက်ခွင့်​ပြု ထား​ရာမှာ အာဏာပိုင်​တွေက အဲဒီ​ကျောင်း​လာတက်တဲ့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေကို လိုက်လံတား​မြစ်တာ​ကြောင့်​ ​ကျောင်သား​တွေ ​ကြောက်ပြီး​ ​ကျောင်း​ လာမတက်ကြ​တော့​ဘူး​လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“ဆရာ ၇ ​ယောက် စုပြီး​ ဘုန်း​ကြီး​ကျောင်း​မှာဖွင့်​တော့​ ဘုန်း​ကြီး​ကလည်း​ လက်ခံထား​တယ်။ ​ကျောင်း​သား​ လက်ခံဘာညာနဲ့​ လုပ်ပြီး​တဲ့​အချိန်မှာ ဘုန်း​ကြီး​ကျောင်း​ကို မယက က သွား​ပြီး​တော့​ မဖွင့်​ဖို့​ သွား​တား​တယ်။ ဘုန်း​ကြီး​ကလည်း​ တား​လို့​ မရဘူး​။ က​လေး​ကစား​တာမဟုတ်ဘူး​ ဖွင့်​ပြီး​ပြီ ဆိုပြီး​ပြောတယ်။ ဘုန်း​ကြီး​ကို တား​မရတဲ့​အခါကျ​တော့​ မယကရယ် ဒီမြို့​နယ်မှာရှိတဲ့​ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ရယ်က က​လေး​တွေ အိမ်​တွေကို လိုက်ပြီး​တော့​ ပိတ်တယ်​ပေါ့​နော်။ လိုက်ပိတ်​တော့​ ​နောက်ဆုံး​ကျ​တော့​ က​လေး​တွေက မလာရဲ​တော့​ဘူး​။”

ဒီ​ကျောင်း​ဖွင့်​ရေး​ကိစ္စမှာ အာဏာပိုင်​တွေက ဘာ​ကြောင့်​ လိုက်လံတား​မြစ်တယ်ဆိုတာကို အတိအကျ မသိရ​ပေမယ့်​ ​ကျောင်း​ကို ဦး​ဆောင်ဖွင့်​မယ့်​ ​ကျောင်း​ဆရာအများ​စုဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အဖွဲ့​ဝင်​တွေ ဖြစ်တာ​ကြောင့်​ တား​မြစ်တာဖြစ်နိုင်တယ်လို့​ အဲဒီမြို့​ခံက ခန့်​မှန်း​ပြောဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013