Saturday, June 10, 2023
Homeမြန်မာသတင်းကစထမႉး​ ၂ ဦး​ကို အနားပေး

ကစထမှူး​ ၂ ဦး​ကို အနား​ပေး

မကြာ​သေး​မီရက်ပိုင်း​က ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​ (ကစထ) မှူး​ ၂ ဦး​ကို တာဝန်က အနား​ပေး​လိုက်တဲ့​အတွက် ကစထမှူး​နှစ်ဦး​သာ ကျန်ရှိ​တော့​ကြောင်း​ စစ်ဘက်သတင်း​ရပ်ကွက်အရ သိရပါတယ်။

ပြီး​ခဲ့​တဲ့​နှစ်၊​ ဩဂုတ်လကုန်ပိုင်း​က တပ်တွင်း​ရာထူး​အ​ပြောင်း​အ​ရွှေ့​တွေအတွင်း​ အ​နောက်​မြောက်တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​မှ ကစထမှူး​ဖြစ်လာတဲ့​ ဗိုလ်ချုပ် မြင့်​စိုး​နဲ့​ အလယ်ပိုင်း​တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​မှ ကစထမှူး​ဖြစ်လာသူ ဗိုလ်ချုပ်တင်​ငွေတို့​ နှစ်ဦး​ကို တာဝန်ထမ်း​ဆောင်တဲ့​ သက်တမ်း​ ၁ နှစ်မပြည့်​ခင်မှာ စစ်ဘက်က အနား​ပေး​လိုက်တာ ဖြစ်ပါတယ်။

ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​ (ကစထ) မှူး​ ရာထူး​ကို ၂ဝဝ၃ ခုနှစ်မှ စတင် ဖြည့်​စွက်ကျင့်​သုံး​လာပြီး​ အဲဒီ ကစထမှူး​က စစ်တိုင်း​ဌာနချုပ် ၃ ခု​လောက်ကို တာဝန်ယူ ကွပ်ကဲ​နေရတာပါ။ အ​စောပိုင်း​ ကာလ​တွေမှာ ကစထမှူး​ ၄ ဦး​သာ ရှိ​နေရာမှ ​နောက်ပိုင်း​ ကစထမှူး​ ၆ ဦး​အထိ တိုး​ချဲ့​ထား​ရှိခဲ့​ပါတယ်။

ပြီး​ခဲ့​တဲ့​နှစ်၊​ ဩဂုတ်လကုန်ပိုင်း​က ကစထမှူး​တွေဖြစ်လာခဲ့​တဲ့​ ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​ဟောင်း​ ဗိုလ်ချုပ် စိုး​ဝင်း​ကို အခုနှစ် ဧပြီလမှစလို့​ ဒုတပ်မ​တော် ဦး​စီး​ချုပ်အဖြစ်လည်း​ကောင်း​၊​ ​တောင်ပိုင်း​တိုင်း​ စစ်ဌာနချုပ်တိုင်း​မှူး​ဟောင်း​ ဗိုလ်ချုပ်လှမင်း​ကို ကာကွယ်​ရေး​ဝန်ကြီး​ဌာန ပြည်​ထောင်စု ဝန်ကြီး​အဖြစ်လည်း​ကောင်း​ ​ပြောင်း​ရွှေ့​တာဝန် ​ပေး​ထား​ခဲ့​ပြီး​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​မို့​ ကစထမှူး​ ၆ ဦး​ရှိတဲ့​အနက် အခုအခါ အ​ရှေ့​မြောက်တိုင်း​ တိုင်း​မှူး​ ​ဟောင်း​ ဗိုလ်ချုပ် ​အောင်သန်း​ထွဋ် နဲ့​ အ​ရှေ့​တောင်တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​ဟောင်း​ ဗိုလ်ချုပ် သက်နိုင်ဝင်း​တို့​ နှစ်ဦး​သာ ကျန်ရှိ​နေပြီး​ အသစ်ခန့်​အပ်အစား​ထိုး​တာလည်း​ မရှိတဲ့​အတွက် အဲဒီ ကစထမှူး​ ရာထူး​နေရာ​တွေကို​တောင် ဖယ်ရှား​ကောင်း​ ဖယ်ရှား​နိုင်တယ်လို့​ စစ်ဘက်သတင်း​ရပ်ကွက်အရ သိရပါတယ်။

အခု စစ်ဘက်က အနား​ပေး​လိုက်တဲ့​ ကစထမှူး​တွေဟာ သူတို့​တိုင်း​မှူး​ဘဝက အိမ်ရာ​မြေ​ရောင်း​စား​တဲ့​ကိစ္စ​တွေဖြစ်ပြီး​ ရန်ကုန်တိုင်း​မှူး​ဟောင် ဗိုလ်မှူး​ချုပ် ထွန်း​သန်း​ ကိုလည်း​ အလား​တူ​မြေရာကိစ္စ​တွေနဲ့​ စစ်ဘက်ကအနား​ပေး​ကာ စစ်​ဆေး​မှု​တွေ လုပ်ခဲ့​ တယ်လို့​ စစ်ဘက်နဲ့​ နီး​စပ်တဲ့​သတင်း​တွေအရ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular