DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေကို ​သောင်း​ကျန်း​သူအဖြစ် ရှုတ်ချသည့်​ဆွေး​နွေး​ပွဲ ပြုလုပ်
DVB
·
July 29, 2011
ကေအိုင်​အေကို ​သောင်း​ကျန်း​သူအဖြစ် ရှုတ်ချသည့်​ဆွေး​နွေး​ပွဲ ပြုလုပ်
1 / 3
Donate to DVB

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) အဖွဲ့​ကို အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ ပြည်နယ်အစိုး​ရအ​နေနဲ့​ ကမ်း​လှမ်း​တာ​တွေလုပ်​ပေမယ့်​ ​ကေအိုင်​အေအဖွဲ့​က ဥပက္ခာပြုပြီး​ လမ်း​၊​ တံတား​တွေ ဖျက်ဆီး​နေတဲ့​အတွက် ​သောင်း​ကျန်သူအဖြစ် သတ်မှတ်ရှုတ်ချတဲ့​ ​ဆွေး​နွေး​ပွဲ​တွေကို ဇူလိုင် ၂၇၊​ ၂၈ ရက်​တွေက မြစ်ကြီး​နား​မြို့​မှာ ကျင်း​ပသွား​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

အဲဒီ​ဆွေး​နွေး​ပွဲ​တွေကို ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​က ဦး​ဆောင်ပြုလုပ် ​နေတာဖြစ်ပြီး​ ဝန်ကြီး​ချုပ် ကိုယ်တိုင်​တော့​ မတက်ဘဲ ဝန်ကြီး​အဆင့်​ကသာ တက်​ရောက်​ကြောင်း​၊​ အခုလ ၂၇ ရက်​နေ့​က မြစ်ကြီး​နား​၊​ ယုဇနရပ်ကွက်က ​ရွှေပြည့်​စံ စား​သောက်ဆိုင်ခန်း​မမှာ ပြုလုပ်ခဲ့​ပြီး​ ဒုတိယအကြိမ်အဖြစ် မြို့​တော်ခန်း​မမှာ မ​နေ့​က ကျင်း​ပသွား​တယ်လို့​ ဝန်ထမ်း​တွေနဲ့​ နီး​စပ်သူ မြစ်ကြီး​နား​မြို့​ခံက အခုလို ​ပြောပါတယ်။

“မြစ်ကြီး​နား​မြို့​တော်ခန်း​မမှာ ​သောင်း​ကျန်း​သူ ရှုတ်ချပွဲဆိုပြီး​ ပြန်လုပ်တယ်။ ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​က ဦး​ဆောင်တယ်လို့​ ​ပြောတယ်။ ပြည်နယ် ဝန်ကြီး​တွေပါတယ်၊​ ဝန်ကြီး​ချုပ်လည်း​ မပါဘူး​။ ဝန်ကြီး​တွေက သဘာပတိ တလှည့်​စီ လုပ်သွား​တယ်။ ရပ်မိရပ်ဖ​တွေ ​ခေါ်လို့​ရှိရင် ​တောင်​ပြော ​မြောက်​ပြောနဲ့​ မဟုတ်တာ​တွေ ပါသွား​မှာ စိုး​လို့​တဲ့​၊​ အဲဒါ​ကြောင့်​ စိတ်ချရတဲ့​သူ၊​ ဘာမှ မ​ပြောမဆိုတဲ့​သူ သူတို့​သ​ဘောအတိုင်း​ လိုက်ပြီး​မှ လက်ညှိုး​ထောင်မယ့်​သူ အင်အား​ ၃ဝ ​လောက်နဲ့​ လုပ်သွား​တယ်​ပြောတယ်။ ပထမရက်လုပ်တဲ့​ဟာက အင်အား​ ရဝ ​လောက်ရှိတယ်တဲ့​။”

မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ်က စစ်ဖက်အရာရှိ​တွေ​တောင် လာ​ရောက်ခြင်း​မရှိတဲ့​ အဲဒီစည်း​ဝေး​ပွဲ​တွေကို စည်း​လုံး​ညီညွတ်​ရေး​နှင့်​ ဒီမိုက​ရေစီပါတီ၊​ ကြံ့​ခိုင်​ရေး​ပါတီတို့​မှ စည်း​ရုံး​ရေး​မှူး​တွေ၊​ အစိုး​ရဌာနဆိုင်ရာမှ အရာရှိ​တွေသာ တက်​ရောက်ခဲ့​ကြ​ကြောင်း​ အဲဒီ မြစ်ကြီး​နား​မြို့​ခံက ​ပြောပါတယ်။

အခုအခါ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်လာ ကတည်း​ကစလို့​ ​ဒေသခံလူထုမှာ ကျီး​လန့်​စာစား​ ​နေထိုင်စား​သောက်​နေရပြီး​ စီး​ပွား​ရေး​ လုပ်ငန်း​များ​ ထိခိုက်​နေပါတယ်။

ပြည်တွင်း​စစ်ပွဲ​တွေ ကြီး​မား​ကျယ်ပြန့်​လာမှာကို စိုး​ရိမ်ပြီး​ နှစ်ဖက်အပစ်ရပ်စဲရန် ​ဒေသခံလူထု​တွေ လိုလား​နေချိန်မှာ ​ကေအိုင်​အေအဖွဲ့​အ​ပေါ် ​သောင်း​ကျန်း​သူအဖြစ် သတ်မှတ်တဲ့​ စည်း​ဝေး​ပွဲ​တွေကို ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ရုံး​က ပြုလုပ်ခဲ့​တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013