သမ္မတရွေးချယ်ရေးနှင့်ပတ်သက်ပြီး အချိန်တန်လျှင်ပြောမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
February 4, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သမ္မတ ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်ပြီး မတ်လအထိ အချိန်ပေးထားတာကြောင့် အချိန်တန်ရင် ပြောမှာဖြစ်ကြောင်းနဲ့ အစိုးရ ဖွဲ့စည်းရေးမှာလည်း အချိန်မကျသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ပုံမှန် သတင်းယူနေတဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်မှုတွေအတွက် ကျေနပ်မိကြောင်း၊ ကန့်ကွက်သူ မရှိတဲ့အတွက်လည်း အခြားပါတီတွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။