မြိတ်ကွန်ပျူတာတက္ကသိုလ် ကြိုပို့ကားနှင့်ထော်လာဂျီ တိုက်မှုဖြစ် (ဓာတ်ပုံ)
DVB
·
February 3, 2016
တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ/သား တွေ စီးနင်းလာတဲ့ ကြို/ပို့ ကားနဲ့ ထော်လာဂျီတစီး တိုက်မှုဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
aဖဖော်ဝါရီ ၃ ရက်နေ့ မနက် ၈ နာရီလောက်က ကျောင်းသား/ကျောင်းသူ ၂၁ ဦး လိုက်ပါလာတဲ့ ကျောင်းကြိုပို့ကားနဲ့ ထော်လာဂျီကားတို့ ရှမ်းချောင်းလမ်းမကြီးနဲ့ ဓနိရည်ချို လမ်းထောင့်အနီးမှာ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသား/ကျောင်းသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးနေပါတယ်။
ဓာတ်ပုံ - မြတ်ထွဋ်