DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်း​လှမ်း​မှု နိုင်ငံ​ရေး​ပါတီများ​ကြိုဆို
DVB
·
July 28, 2011
ငြိမ်း​ချမ်း​ရေး​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်း​လှမ်း​မှု နိုင်ငံ​ရေး​ပါတီများ​ကြိုဆို
Donate to DVB

တိုင်း​ရင်း​သား​ဒေသ​တွေမှာ လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ မြန်မာ့​တပ်မ​တော်အကြား​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေ အမြန်ဆုံး​အဆုံး​သက် အပစ်ရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်က အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့​ ကမ်း​လှမ်း​လိုက်တဲ့​အ​ပေါ် ​ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​နဲ့​ ဒီမိုကရက်တစ်အင်အား​စု နိုင်ငံ​ရေး​ပါတီ​တွေက ကြိုဆို​ထောက်ခံလိုက်ကြပါတယ်။

အ​ကြောင်း​ကြောင်း​တွေ​ကြောင့်​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို လက်ခံပြီး​ ​ရွေး​ကောက်ပွဲ ဝင်ခဲ့​ကြတဲ့​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်အသီး​သီး​က ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေ ပါဝင်ကြိုး​ပမ်း​ဆောင်ရွက်မယ်ဆိုတဲ့​ အ​ပေါ် ကြိုဆိုလိုက်ကြတာပါ။

အဲဒီထဲက ပြည်တွင်း​စစ်ရပ်စဲ​ရေး​အတွက် နိုင်ငံ​ရေး​ပြဿနာ​တွေကို နိုင်ငံ​ရေး​နည်း​နဲ့​သာ​ဖြေရှင်း​ဖို့​အပါအဝင် အား​လုံး​ပါဝင်ခွင့်​ရမယ့်​ ပြည်​ထောင်စုညီလာခံတရပ်​ခေါ်ယူဖို့​အထိ ​တောင်း​ဆိုထား​တဲ့​ ဒီမိုကရက်တစ်မိတ် ​ဆွေပါတီ​တွေထဲက အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီရဲ့​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်က အခု ဒီ အပစ်အခတ် ဖြစ်​နေတဲ့​ ကိစ္စ​တွေကို ရပ်ဆိုင်း​သွား​အောင် သူကြိုး​ပမ်း​ဆောင်ရွက်မယ် ဆိုတဲ့​ဟာကို ကြား​ရတဲ့​အတွက် ကျ​နော်တို့​ ပိုပြီး​တော့​ အား​တက်မိတာ​ပေါ့​ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည်က မကြာခင်ကပဲ အစိုး​ရသစ်က ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ ​တွေ့​သွား​ပြီ ဆိုတဲ့​ အခါကျ​တော့​ ဒီကိစ္စ​တွေလည်း​ ပါ​ကောင်း​ ပါမယ်​ပေါ့​ဗျာ။ မပါရင်လည်း​ဘဲ ဒီကိစ္စနဲ့​ ပတ်သက်တဲ့​ တိုင်း​ပြည်မှာရှိတဲ့​ ပြည်သူလူထု စိတ်ချမ်း​သာ​အောင် ​ဆောင်ရွက်ဖို့​ အခွင့်​အလမ်း​တွေကို ရှာ​ဖွေတယ်ဆို​တော့​ ဒီကိစ္စကလည်း​ ပြည်သူ​တွေ စိတ်ချမ်း​သာစရာ ဖြစ်မယ့်​ အပစ်အခတ်ရပ်စဲ​ရေး​ကို ရည်ရွယ်တာလည်း​ ဖြစ်​ကောင်း​ ဖြစ်နိုင်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်လို ကျ​နော်တို့​ ဒီနိုင်ငံမှာ ထင်ရှား​တဲ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင်၊​ ဒီမိုက​ရေစီရဲ့​ မီး​ရှူး​တန်​ဆောင်လို့​ ကျ​နော်တို့​ တင်စား​ထား​တဲ့​ ပုဂ္ဂိုလ်က ဒီကိစ္စကို ကိုင်တွယ်မယ် ဆိုတဲ့​အခါကျ​တော့​ ကျ​နော်တို့​ ​မျှော်လင့်​တာ​တွေထက် ပိုပြီး​တော့​ ဖြစ်​မြောက်လာနိုင်စရာ လမ်း​စေ​တွေ​တော့​ ရှိလာပြီလို့​ ကျ​နော်တို့​ ယူဆပါတယ်။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​တွေကလည်း​ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေက ဒီပဋိပက္ခ​တွေ ချုပ်ငြိမ်း​ရေး​အတွက် ငြိမ်း​ချမ်း​ရေး​ကော်မတီတရပ်ဖွဲ့​စည်း​ခွင့်​ပေး​ဖို့​ ​ရွေး​ကောက်ပွဲကျင်း​ပ ​ရေး​ကော်မရှင်ကို တင်ပြခဲ့​ပေမယ့်​ လည်း​ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​တင်​အေး​က လာမယ့်​ ပြည်​ထောင်စုလွှတ်​တော်မှာ တင်ပြ​ဆွေး​နွေး​ဖို့​သာ အ​ကြောင်း​ပြန်ကြား​ခဲ့​ပါတယ်။

ဒီအ​ခြေအ​နေ​တွေအ​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အ​နေနဲ့​ ပါဝင်​ဆောင်ရွက်တဲ့​အခါမှာ ​တွေ့​ကြုံရနိုင်တဲ့​ အစိုး​ရဘက်က သ​ဘောထား​တွေကိုလည်း​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ​တွေထဲက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့​ ဥက္ကဋ္ဌ ဦး​သု​ဝေက အခုလို ​ထောက်ပြပါတယ်။

“​ကော်မရှင်ဥက္ကဋ္ဌဦး​တင်​အေး​က ​ဖြေသွား​တာ ရှိတယ်ခင်ဗျ။ ကျ​နော်တို့​ အစည်း​အ​ဝေး​မှာ​ပေါ့​။ သူက ဘာ​ဖြေသွား​လဲဆို​တော့​ ဒီငြိမ်း​ချမ်း​ရေး​ရ​အောင် လုပ်တဲ့​နည်း​က ဒါ သူတို့​က တိုင်း​ပြည်မှာ တပ်မ​တော် တခုတည်း​ ရှိရမယ်၊​ အဲဒါ​ကြောင့်​မို့​လို့​ သူတို့​က နယ်ခြား​စောင့်​တပ်ဆိုတာ​တွေကို ဖွဲ့​ပေး​လိုက်တယ်။ အဲဒါ​တွေကို စည်း​ကမ်း​အတိုင်း​ လုပ်မယ်ဆိုရင်ဖြင့်​ ဒါ ငြိမ်း​ချမ်း​ရေး​ ရသွား​မယ်​ပေါ့​။ အဲဒီ နည်း​လမ်း​လို့​ သူတို့​က ဆိုပါတယ်ဗျာ။ အဲဒါကို အစိုး​ရရယ်၊​ လက်နက်ကိုင်တဲ့​ ​တော်လှန်​ရေး​သမား​တွေရယ် သူတို့​ နှစ်ဖက်စလုံး​က နည်း​လမ်း​ရှာပြီး​တော့​ အ​ကောင်း​ဆုံး​ အညင်သာဆုံး​နဲ့​ ရ​အောင် လုပ်​ပေး​စေချင်တာပဲ။ အဲဒါကို သူတို့​ကိုပဲ ကျ​နော်တို့​က တိုက်တွန်း​ရမှာ​ပေါ့​နော်။”

ဒီအ​ပေါ်ကိုပဲ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်ကလည်း​ အခုလို​ပြောပါတယ်။

“တိုင်း​ရင်း​သား​ဒေသ​တွေနဲ့​ ပတ်သက်လို့​ ထဲထဲဝင်ဝင် ကျွမ်း​ကျင်တဲ့​ ပုဂ္ဂိုလ်​ပေါ့​ဗျာ။ တိုင်း​ရင်း​သား​ပေါင်း​စုံပါတဲ့​ အဖွဲ့​များ​ ဖွဲ့​ပြီး​ကာမှ ဘာ​ကြောင့်​ နှစ်​ပေါင်း​ ၆၀ ​ကျော်​လောက် ပြည်တွင်း​စစ်ဖြစ်​နေကြလဲ အ​ကြောင်း​အရင်း​ကို ရှာရမယ်။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ၂၀၀၈ ကလည်း​ ရှိပြီ။ ပြီး​တော့​ လက်နက်ကိုင်အဖွဲ့​အစည်း​ဆိုတာကလည်း​ တပ်မ​တော် ဖွဲ့​စည်း​ပုံမှာ ပါတာကိုး​။ ဒီဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ​အောက်မှာ ​ပြောကြရင်​တော့​ဖြင့်​ နယ်ခြား​စောင့်​တပ်ဆိုတာ တကယ်တမ်း​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေမှာ ပါရဲ့​လား​။ ဘယ်လို သင့်​တော်​အောင် တိုင်း​ရင်း​သား​ဒေသ​တွေမှာ ပြည်​ထောင်စု စိတ်ဓာတ်လည်း​ မပျက်ယွင်း​ရ​အောင် ထား​မလဲဆိုတာ​တော့​ လူကြီး​တွေအ​နေနဲ့​ ထဲထဲဝင်ဝင် နက်နက်ရှိုင်း​ရှိုင်း​ စဉ်း​စား​တွေး​ခေါ်ပြီး​မှ အဓိကက​တော့​ဗျာ ကိုယ့်​မိသား​စု ညီအစ်ကို အချင်း​ချင်း​ ကိုယ့်​အချင်း​ချင်း​ ပြဿနာကို ကိုယ့်​အချင်း​ချင်း​ အ​သေချာ ​ဆွေး​နွေး​ညှိနှိုင်း​လိုတဲ့​ဆန္ဒ ရှိရင်​တော့​ ကျ​နော်တို့​ နည်း​လမ်း​ရှာရမှာ​ပေါ့​။”

မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီရဲ့​ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​ကလည်း​ အခုလို အကြံပြု​ပြောဆိုပါတယ်။

“ကျ​နော့်​အ​နေနဲ့​ ​ပြောမယ်ဆိုရင်​တော့​ ဒါ နည်း​နည်း​ အခက်အခဲ ရှိတယ်လို့​ ထင်တာပဲ​လေ။ စိတ်ရှည်ရှည်ထား​ သည်း​ခံကြ၊​ တိုင်ပင်ကြ၊​ ​ဆွေး​နွေး​ကြတာ​တွေ အမြဲလုပ်မယ်ဆိုလို့​ရှိရင်​တော့​ သိပ်​ကောင်း​မှာပဲ။ အထူး​သဖြင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ခံရတာ တိုင်း​ရင်း​သား​တွေပါ။”

ဒီလိုအမြင်သ​ဘော ထား​ကွဲလွဲမှု​တွေရှိ​နေတာ​ကြောင့်​ အစိုး​ရသစ်အ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ပါဝင်မှု​တွေနဲ့​အတူ အား​လုံး​ပါဝင်ခွင့်​ရမယ့်​ ငြိမ်း​ချမ်း​ရေး​ ပြည်​ထောင်စုညီလာတရပ်​ခေါ်ယူဖို့​ ဦး​ခင်​မောင်​ဆွေက တိုက်တွန်း​ထား​ပါတယ်။

“နိုင်ငံ​ရေး​ပြဿနာ​တွေကို နိုင်ငံ​ရေး​နည်း​နဲ့​ ​ဖြေရှင်း​ဖို့​ဆိုတာ အခု ၂၀၀၈ အ​ခြေခံဥပ​ဒေမှာကလည်း​ ပင်လုံမူထဲမှာ ကျ​နော်တို့​ စစ်မှန်တဲ့​ ပြည်​ထောင်စု ပုံသဏ္ဌာန်​ရောက်​အောင် ကြိုး​ပမ်း​ကြ​သော်လည်း​ပဲ ပင်လုံမူအတိုင်း​ ​ရောက်နိုင်​သေး​ဘူး​ဆိုတာ ​တွေ့​ရတယ်​လေ။ နံပါတ် ၁ က​တော့​ လူမျိုး​တွေရဲ့​ တန်တူညီမျှခွင့်​ကို ​ဖြေရှင်း​ရပါမယ်။ ဒုတိယက​တော့​ နိုင်ငံ​ရေး​ဆိုင်ရာ တန်း​တူညီမျှခွင့်​ ဒါကိုလည်း​ ကျ​နော်တို့​ ​ရောက်​အောင် သွား​နိုင်ရပါမယ်။ ​နောက်ဆုံး​ အဆင့်​မှာ​တော့​ အုပ်ချုပ်​ရေး​ဆိုင်ရာ တန်း​တူညီမျှခွင့်​တွေကို ​ရောက်​အောင် သွား​နိုင်တဲ့​ အချိန်အခါကျရင်​တော့​ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​က တဆင့်​ အမျိုး​သား​စည်း​လုံး​ညီညွတ်​ရေး​ဆီကို မလွဲမ​သွေ ​ရောက်နိုင်မှာ ဖြစ်​ကြောင်း​ကို ကျ​နော် ​ပြောချင်ပါတယ်။ ဒီကိစ္စ​တွေကို ဆင့်​ကဲဆင့်​ကဲ ​ဖြေရှင်း​သွား​ဖို့​ ပြည်သူ​တွေမှာ​ကော၊​ လွှတ်​တော်မှာ​ကော၊​ အစိုး​ရမှာ​ကော၊​ နိုင်ငံ​ရေး​ပါတီ​တွေမှာ​ကော၊​ ​တောထဲမှာ ရှိ​နေတဲ့​ လက်နက်ကိုင်အဖွဲ့​အစည်း​တွေ​ကော အား​လုံး​မှာ တာဝန်ရှိ​ကြောင်း​ကို ကျ​နော် ​ပြောချင်ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ပြည်​ထောင်စု အမျိုး​သား​ညီလာခံကြီး​တခု ကျင်း​ပပြီး​တော့​ ဒါ​တွေကို ထိပ်တိုက်ရင်ဆိုင် မဟုတ်ဘဲနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​နဲ့​ ​ဖြေရှင်း​ဖို့​ လိုပြီဆိုတာ ဒီအချိန်မှာ ကျ​နော်တို့​ ​ပြောရမယ့်​ စကား​ပဲ ဖြစ်ပါတယ်။”

တိုင်း​ရင်း​သား​ဒေသ​တွေမှာ လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ မြန်မာ့​တပ်မ​တော်အကြား​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေ အမြန်ဆုံး​အဆုံး​သတ် အပစ်ရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​ဆွေး​နွေး​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်အပါအဝင် တိုင်း​ရင်း​သား​လက်နက် ကိုင်အင်အား​စု​တွေဆီကို ဒီက​နေ့​ရက်စွဲနဲ့​ အိတ်ဖွင့်​ပေး​စာတ​စောင် ​ပေး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013