DVB Logo
Home
မြန်မာသတင်း
ပရိသတ် ဆူပူ​သောင်း​ကျန်း​သဖြင့်​ မြန်မာ-အိုမန်​ဘောလုံး​ပွဲ ရပ်ဆိုင်း
DVB
·
July 28, 2011
ပရိသတ် ဆူပူ​သောင်း​ကျန်း​သဖြင့်​ မြန်မာ-အိုမန်​ဘောလုံး​ပွဲ ရပ်ဆိုင်း
Donate to DVB

ဒီက​နေ့​ ည​နေ မြန်မာစံ​တော်ချိန် ၃ နာရီခွဲတုန်း​က သုဝဏ္ဏကွင်း​မှာ ယှဉ်ပြိုင်သွား​တဲ့​ မြန်မာနဲ့​ အိုမန်တို့​ရဲ့​ ကမ္ဘာ့​ဖလား​ ​ခြေစစ်ပွဲ ဒုတိယအ​ကျော့​မှာ ပရိသတ်​တွေ ဆူပူရမ်း​ကား​လို့​ ပွဲကို ရပ်ဆိုင်း​လိုက်ရပါတယ်။

မြန်မာနဲ့​ အိုမန်တို့​ရဲ့​ ကမ္ဘာ့​ဖလား​ ​ခြေစစ်ပွဲ ဒုတိယအ​ကျော့​ကို သုဝဏ္ဏကွင်း​မှာ ဒီည​နေ ယှဉ်ပြိုင်​နေစဉ် ၂ ဂိုး​အသွင်း​ခံရပြီး​နောက် ပရိသတ်​တွေ ဆူပြီး​ ရမ်း​ကား​လို့​ ပွဲကို ရပ်ဆိုင်း​လိုက်ရတာပါ။

ကိုယ်တိုင်သွား​ရောက် ကြည့်​ရှုခဲ့​တဲ့​ ပရိသတ်တဦး​က “ပထမ ၁၅ မိနစ်​လောက်မှာ တလုံး​အသွင်း​ခံရတယ်။ ​နောက် နာရီဝက်မှာ ပင်နယ်တီတလုံး​ ထပ်ပြီး​ အ​ပေး​ခံရ​တော့​ ပင်နယ်တီ သွင်း​တယ်။ အဲဒီက စပြီး​ ပရိသတ်က နည်း​နည်း​သောင်း​ကျန်း​လာတာ​ပေါ့​။ ပွဲပြန်တည်ဖို့​ လုပ်တဲ့​အချိန်မှာကို ​ရေသန့်​ဘူး​တွေ ဘာ​တွေနဲ့​ လှမ်း​ပေါက်ကြတယ်။ ​ပေါက်ရုံသက်သက်နဲ့​တော့​ ဒီ​လောက်မဟုတ်​သေး​ဘူး​ဗျ။ အဲဒီမှာ တဖက​ဘော်လုံး​အသင်း​ရဲ့​ နည်း​ပြ​တွေ ထိုင်တဲ့​နား​ ​ရေသန့်​ဘူး​တွေ ​ရောက်တဲ့​အချိန်မှာ နည်း​ပြ​တွေက ကွင်း​ထဲကို ဝင်​ပြေး​လိုက်တာဗျ အဲဒီမှာ ဆိုး​သွား​တာ။”

အိုမန်​ဘောလုံး​အဖွဲ့​ကို ကာကွယ်​ပေး​ဖို့​ ရဲလုံခြုံ​ရေး​အဖွဲ့​တွေ ထပ်တိုး​ချလိုက်တဲ့​ အချိန်မှာပဲ အ​ခြေအ​နေက ပိုဆိုး​သွား​တယ်လို့​လည်း​ အဲဒီ ပရိသတ်က ​ပြောပါတယ်။

ဘောလုံး​အဖွဲ့​ချုပ် ဥက္ကဋ္ဌ ဦး​ဇော်​ဇော်နဲ့​ တာဝန်ကျ ရဲမှူး​ကြီး​ ကိုယ်တိုင် ​တောင်း​ပန်​ပေမယ့်​လည်း​ ပြဿနာက မပြီး​ဘဲ ပွဲစဉ်ကို ဆက်ပြီး​ ရပ်နား​ခဲ့​ရတယ်လို့​ ဆိုပါတယ်။

“​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဋ္ဌ ဦး​ဇော်​ဇော်တို့​ ဆင်း​လာပြီး​တော့​ ညှိ​နေကြတာ​ပေါ့​။ ပွဲက ရပ်ထား​တာ ကန်လို့​မရဘူး​။ ​နောက်​တော့​ ရဲမှူး​ကြီး​အောင်သန်း​က ဆင်း​လာပြီး​ သူရယ် ဦး​ဇော်​ဇော်ရယ် ​တောင်ဘက် ​မြောက်ဘက် အကုန်လုံး​ ပတ်ပတ်လည် ပရိသတ်ကို လိုက်​တောင်း​ပန်တယ်။ အ​ပေါ်ကလည်း​ စပီကာနဲ့​ ​အော်တယ်​ပေါ့​ဗျာ။ မျှမျှတတအား​ပေး​ဖို့​ ဘာညာ​ပေါ့​ အဲဒီလိုမျိုး​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ တဖက်က ​ဘောလုံး​သမား​တွေက အ​ကြောက်လွန်ပြီး​ ကွင်း​လယ် စုထား​တော့​ ပရိသတ်က ပိုပြီး​တော့​ ​သောင်း​ကျန်း​တာ​ပေါ့​ဗျာ။ တနာရီ​လောက်အထိ သူတို့​ ပွဲကို ထိန်း​ဖို့​ကြိုး​စာတယ်။ ၅ နာရီအတိမှာပဲ ပွဲကို ရပ်လိုက်ပြီး​တော့​ လုံခြုံ​ရေး​ ပတ်ပတ်လည် ခြံပြီး​တော့​ အဲဒီ သူတို့​ ​ဘောလုံး​သမား​တွေ အကုန်လုံး​ကို အထဲကို ပြန်ဝင်သွား​တယ်​ပေါ့​ဗျာ။”

အခုပွဲစဉ်ကို ပရိသတ် ၃ ​သောင်း​လောက် ဆန့်​တဲ့​ သုဝဏ္ဏကွင်း​ ပြည့်​လျှံ​အောင် လာ​ရောက်အား​ပေး​ကြပြီး​တော့​ ရဲ​တွေနဲ့​ ပရိသတ်​တွေ ထိပ်တိုက် ​တွေ့​ခဲ့​တာ မရှိဘူး​လို့​လည်း​ ဆိုပါတယ်။

ပွဲအပြီး​မှာ​တော့​ ​ဘော်လုံး​အဖွဲ့​ချုပ် ဦး​ဇော်​ဖော်က ​ရေသန့်​ဘူး​တွေ ပစ်​ပေါက်ရုံ​လောက်နဲ့​ဆို ပြဿနာ သိပ်မကြီး​နိုင်​ပေမယ့်​ ​ကျောက်ခဲ​တွေ၊​ အချွန်အတက်​တွေနဲ့​ ဆက်​ပေါက်​နေလို့​ ဖီဘာရဲ့​ အ​ရေး​ယူမှုကို ခံရနိုင်ပြီး​ မြန်မာပြည်မှာ နိုင်ငံတကာ ​ဘောလုံး​ပွဲ ကျင်း​ပဖို့​ ခက်သွား​လိမ့်​မယ်လို့​ ​ပြောတယ်ဆိုပြီး​ The Voice အင်တာနတ်ဆိုက်မှာ ​ရေး​ထား​ပါတယ်။

ပရိသတ်​တွေ ဆူပူ​သောင်း​ကျန်း​လို့​ ပွဲကို ရပ်ဆိုင်း​လိုက်ရ​ပေမယ့်​လည်း​ ဘယ်အချိန်မှာ ပွဲပြန်စနိုင်မလဲ ဆိုတာကို​တော့​ တာဝန်ရှိသူ​တွေက ထုတ်​ဖော် ​ပြောဆိုတာ မရှိပါဘူး​။

အခု ဖြစ်ရပ်​ကြောင် ဖိဘာက မြန်မာကို နိုင်ငံတကာပွဲ​တွေ ကျင်း​ပခွင့်​ ပိတ်ပင် ဒဏ်ခတ်မှာ ဖြစ်သလို ဒီပွဲစဉ်ကို ဆက်မကစား​ဘဲ အခု ရလဒ်အတိုင်း​ အိုမန်ကို အနိုင်​ပေး​တာမျိုး​တွေလည်း​ ပြုလုပ်ဖွယ် ရှိ​နေပါတယ်။

မြန်မာအသင်း​ဟာ ပထမအ​ကျော့​ အ​ဝေး​ကွင်း​ပွဲစဉ်တုန်း​က အိုမန်ကို ၂ ဂိုး​ပြတ်နဲ့​ ရှုံး​ထား​ပြီး​ အခု ဒုတိယအ​ကျော့​မှာလည်း​ ၂ ဂိုး​အထိ အသွင်း​ခံထား​ရလို့​ စုစု​ပေါင်း​ ၄ ဂိုး​ ဂိုး​မရှိနဲ့​ ရှုံး​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013