အမေရိကန်သမ္မတလောင်း ရွေးပွဲများစတင်၊ ဒေါ်နယ်ထရမ့်ရှုံးနိမ့်၊ ဟီလာရီကလင်တန် အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့က အိုင်အိုဝါပြည်နယ်မှာ ပထမဆုံး ကျင်းပခဲ့ရာ ရီပတ်ပလီကန်ပါတီဘက်မှာ ရှေ့ကပြေးနေတဲ့ ဒေါ်နယ်ထရမ့် (Donald Trump) က တက္ကဆက်ပြည်နယ်အမတ် တက်ခရုစ် (Ted Cruz) ကို ရှုံးနိမ့်သွားပါတယ်။ တက် ခရုစ်က မဲရလဒ် ၂၈ ရာခိုင်နှုန်း၊ ဒေါ်နယ်ထရမ့်က ၂၄ ရာခိုင်နှုန်းပဲ ရရှိခဲ့တာပါ။ အလားတူ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးပွဲမှာလည်း ရှေ့ဆုံးက ဦးဆောင်နေတဲ့ ဟီလာရီကလင်တန် (Hillary Clinton) ကပဲ ပြိုင်ဘက် ဘာနီ ဆန်တာ (Bernie Sanders) ကို ၁ ရာခိုင်နှုန်းအကွာနဲ့ ကပ်ပြီး အနိုင်ရရှိခဲ့ပါတယ်။ တက် ခရုစ်က သူအခုလို အနိုင်ရရှိအောင် ထောက်ခံမဲပေး ရွေးချယ်ခဲ့သူတွေကို ကျေးဇူးတင်ဂုဏ်ပြုခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီအတွက် တကယ့်ကို ရဲရင့်တဲ့ အောင်ပွဲဖြစ်တယ်လို့ ပြောဆိုပါတယ်။ လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူတွေဟာ သတင်းမီဒီယာကြီးတွေရဲ့ နောက်ခံအားနဲ့ ရွေးချယ်မှာလည်း မဟုတ်သလို လက်ရှိ အမေရိကန် ဒီမိုကရက် အစိုးရရဲ့ စံတန်ဖိုးတွေနဲ့လည်း ရွေးချယ်မှာ မဟုတ်ဘူး၊ ဒါကို အိုင်အိုဝါပြည်နယ်က အရိပ်အမြွက် ပြသလိုက်ပြီလို့ တက်ခရုစ်က ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။ ရှေ့ကနေ ပြေးနေပေမယ့်လည်း ရှုံးနိမ့်သွားတဲ့ ဒေါ်နယ်ထရမ့်ကတော့ ကွန်ဆာဗေးတစ်ပါတီတွင်း ပြိုင်ဘက် တက်ခရုစ် အနိုင်ရရှိသွားတဲ့အပေါ် ချီးကျူးဂုဏ်ပြုစကား ပြောဆိုခဲ့ပြီး သူ ဒုတိယနေရာ ရရှိခဲ့တာကိုလည်း ကျေနပ်ဝမ်းမြောက်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up