DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ ကမ်း​လှမ်း​ချက်အ​ပေါ် တိုင်း​ရင်း​သား​အဖွဲ့​များ​ ကြိုဆို
DVB
·
July 28, 2011
ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ ကမ်း​လှမ်း​ချက်အ​ပေါ် တိုင်း​ရင်း​သား​အဖွဲ့​များ​ ကြိုဆို
1 / 2
Donate to DVB

တိုင်း​ရင်း​သား​အင်အား​စု​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်အခတ်ရပ်စဲဖို့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ ​ဖြေရှင်း​ကြဖို့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်မှာ ပါဝင် ​ဆောင်ရွက်လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို တိုင်း​ရင်း​သား​ အင်အား​စု​တွေက ကြိုဆိုလိုက်ပါတယ်။

ကချင်လွတ်လပ်​ရေး​အဖွဲ့​ တွဲဖက်အ​ထွေ​ထွေအတွင်း​ ​ရေး​မှူး​လည်း​ဖြစ်တဲ့​ ဦး​လနန်း​က ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို ကြိုဆိုလိုက်ပြီး​ ဒီကိစ္စကို ​ကေအိုင်အို ထိပ်ပိုင်း​ခေါင်း​ဆောင်​တွေ အ​လေး​အနက်ထား​ ​ဆွေး​နွေး​ပြီး​ သ​ဘောထား​တရပ် ထုတ်ပြန်သွား​မယ်လို့​ ​ပြောပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အိပ်ဖွင့်​ပေး​စာမှာပါတဲ့​ အ​ကြောင်း​အရာ​တွေက ဒါ သိပ်ကို ​ကောင်း​ပါတယ်။ ​ကောင်း​တဲ့​အလား​အလာ​တွေ ကျ​နော် အဲဒီလိုပဲ ကျ​နော် တ​ယောက်အ​နေနဲ့​ မြင်တယ်​လေ။ ခုန​လေး​တင်ပဲ ကျ​နော်တို့​ ရတာပါ။ အဲဒါကို ကျ​နော်တို့​ ​ကေအိုင်အိုအဖွဲ့​အစည်း​ အ​နေနဲ့​က​တော့​ ဘယ်လို ပြန်ပြီး​တော့​ သတင်း​ထုတ်ပြန်မယ် ဆိုတာ​တော့​ ကျ​နော် အခု ​ပြောလို့​ မရ​သေး​ဘူး​ခင်ဗျ။ အခု လူကြီး​တွေကိုလည်း​ အဲဒီစာကို ဖြန့်​ထား​ပါတယ်။ အား​လုံး​ဖတ်ပြီး​မှပဲ ကျ​နော်တို့​ အချိန်ယူပြီး​မှပဲ အစည်း​အ​ဝေး​မှာ အား​လုံး​သုံး​သပ်ကြပြီး​မှ ​အေအိုင်အိုရဲ့​ သ​ဘောထား​ကို ​ပြောပြမှာပါ။”

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဒုတိယဥက္ကဋ္ဌ ​ဒေး​ဗစ်သာက​ပေါလည်း​ ခုလို ကြိုဆို​ပြောဆိုပါတယ်။

“​ကောင်း​တာ​ပေါ့​ ကျ​နော်တို့​က အချင်း​ချင်း​ပဲ​လေ။ ငြိမ်း​ချမ်း​စွာ ပြဿနာ​ဖြေရှင်း​ရေး​ ကျ​နော်တို့​က လက်ခံတယ်။ အဲဒါ တခါး​ဖွင့်​ထား​တယ် အမြဲတမ်း​ပဲ။ “​ဒေါ်စုက ပြည်သူ့​ထောက်ခံမှုက ၇၀ ရာခိုင်နှုန်း​ထက် မနည်း​ပါဘူး​။ ပြည်သူလူထု ​ထောက်ခံမှု ပြည်လူထုအင်အား​နဲ့​ ​ဆောင်ရွက်နိုင်မယ်လို့​ ထင်တယ်။ အကယ်​ရွေ့​ ​ဒေါ်စုက ယူအန်တို့​လို၊​ အာဆီယံတို့​လို အဲဒါ ပါဝင်လာ​အောင် ကြိုး​စား​ဖို့​လိုတယ်။ ​နောက်ပြီး​တော့​ ​ဆွေး​နွေး​ပွဲဆိုတာကလည်း​ ကျ​နော်တို့​တော့​ ကချင်​တွေလည်း​ အ​တွေ့​အကြုံရှိခဲ့​ပြီ၊​ ကျ​နော်တို့​လည်း​ ၅ ခါထက်မနည်း​ ​တွေ့​ကြုံပြီး​ပြီ။ အဲဒီ​တော့​ ကြား​နေ နိုင်ငံတနိုင်ငံမှာ ကျ​နော်တို့​ ​တွေ့​ဖို့​ လိုလိမ့်​မယ်။”

မွန်ပြည်သစ်ပါတီ အ​ထွေအ​ထွေအတွင်း​ရေး​မှူး​ နိုင်ဟံသာကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို ကြိုဆိုပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ဒီလိုကိစ္စကို ​ဆောင်ရွက်​ပေး​နိုင်တယ် ဆိုရင်​တော့​ တကယ့်​ကို နိုင်ငံအတွက်​ရော အကျိုး​ရှိမယ့်​ လုပ်ငန်း​ပါ။ ကျ​နော်တို့​လည်း​ ကျ​နော်တို့​ နိုင်ငံမှာရှိတဲ့​ ကျ​နော်တို့​ အပါအဝင်​ပေါ့​ ဒီတိုင်း​ရင်း​သား​အင်အား​စု​တွေနဲ့​ စစ်အစိုး​ရဘက်ကလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို လိုချင်​နေမှာပါ။ ကျ​နော် ယုံကြည်တယ်​လေ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ အချင်း​ချင်း​က ​တွေ့​ဆုံဖို့​ ​ဖြေရှင်း​ဖို့​ ခက်​နေတယ်။ အဲဒါက​တော့​ ကြား​လူ လိုတယ်ခင်ဗျ။ အခု ကြား​လူအ​နေနဲ့​ပေါ့​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ လုပ်​ပေး​နိုင်မယ်ဆိုရင်​တော့​ ဒါက တိုင်း​ပြည်အတွက် တကယ့်​ကို အကျိုး​ရှိမယ် လုပ်ငန်း​ ဖြစ်တယ်။ အဲဒီ​တော့​ ဒီ​နေ့​ သူကြိုး​စား​တဲ့​အ​ပေါ်မှာ ကျ​နော်တို့​လည်း​ သူ့​အ​ပေါ်မှာ ​ကျေး​ဇူး​တင်တယ် ကြိုဆိုတယ်။”

ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ အက်အက်စ်ပီပီက ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လကလည်း​ အခုလို ကြိုဆိုပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကမ္ဘာ့​နိုဘယ်လ်ငြိမ်း​ချမ်း​ရေး​ ဆုရှင်ဆို​တော့​ နိုင်ငံတကာကလည်း​ ယုံကြည်​လေး​စား​တယ်။ မြန်မာပြည်ရှိသမျှ ပြည်သူလူထု ​တွေကလည်း​ ​လေး​စား​တယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ အက်စ်အက်စ်ပီပီ/ အက်စ်အက်စ်​အေကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကျ​နော်တို့​ ယုံကြည်​လေး​စာမှု အပြည့်​အဝ ရှိပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013