ရုရှားကို စီးပွားရေးပိတ်ဆို့မှု ဆက်လုပ်ရန် ယူကရိန်း တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
ယူကရိန်းအရှေ့ပိုင်းမှာ ခွဲထွက်ရေး စစ်သွေးကြွတွေကို ရုရှားနိုင်ငံက ဆက်လက်ထောက်ပံ့ အားပေးနေတဲ့အတွက် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်သွားဖို့ ယူကရိန်းသမ္မတက အနောက်အင်အားကြီးနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ မင့်မြို့ သဘောတူညီမှုကို ရုရှားနိုင်ငံနဲ့ နောက်လိုက်တွေ အပြည့်အ၀လိုက်နာမှု မရှိမချင်း စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လုပ်သွားဖို့ သိပ်လိုအပ်တယ်လို့ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်တွန်းပြောဆိုခဲ့တာပါ။ ဥရောပစောင့်ကြည့်ရေးအဖွဲ့ (OSCE) ဟာလည်း သူတို့ရဲ့ ပုံမှန်အလုပ်တွေ ဆောင်ရွက်နိုင်ရေး အခက်အခဲဖြစ်နေပြီး ခွဲထွက်ရေး စစ်သွေးကြွတွေရဲ့ ရန်လိုမှုတွေ၊ နှောင့်ယှက်မှုတွေနဲ့လည်း တစထက်တစ ပိုပြီး ရင်ဆိုင်နေရတယ်လို့ ပိုရိုရှန်ကိုက ပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ် မာကဲလ်ကလည်း ယူကရိန်းအရှေ့ပိုင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိသေးတဲ့အတွက် လက်ရှိ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အီးယူက သက်တမ်းတိုးဖို့ လိုအပ်မယ်လို့ ပြောဆိုထားပါတယ်။ ၂၀၁၆ အတွင်း ယူကရိန်းနိုင်ငံကို ငွေကြေးထောက်ပံ့ကူညီမှု ဆက်ပေးသွားဖို့ကိုလည်း ယူကရိန်းသမ္မတနဲ့ ဆွေးနွေးမယ်လို့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up