Home
မေးမြန်းခန်း
ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ချက်အ​ပေါ် ဆရာကြီး​ ဒဂုန်တာရာကြိုဆို
အေးနိုင်
·
July 28, 2011
တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ် ပဋိပက္ခ​တွေ အမြန်ဆုံး​ အဆုံး​သတ်နိုင်ဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေမှာ ကိုယ်စွမ်း​ရှိသမျှ ကြား​ဝင်ကြိုး​ပမ်း​ဆောင်ရွက်ဖို့​ အသင့်​ရှိတယ်လို့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က အစိုး​ရနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေကို စာ​ရေး​သား​ပေး​ပို့​ပြီး​ ​ပြောကြား​လိုက်ပါတယ်။ ဒီက​နေ့​ရက်စွဲနဲ့​ ​ပေး​ပို့​တဲ့​စာဟာ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​၊​ မွန်ပြည်သစ်ပါတီနဲ့​ ရှမ်း​ပြည်တပ်မ​တော်​တွေထံကို လိပ်မူ​ရေး​သား​ထား​ပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်က ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေမှာ ကြား​ဝင်ကြိုး​ပမ်း​ဆောင်ရွက်ဖို့​ ​ပြောကြား​ခဲ့​တာနဲပတ်သက်ပြီး​ ဆရာကြီး​ ဒဂုန်တာရာကို ​မေး​မြန်း​ထား​ပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​မှုနဲ့​ ပတ်သက်ပြီး​တော့​ ဆရာကြီး​က ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ကို အမြဲတမ်း​တောက်​လျှောက် ​ပြောလာတယ် ဆို​တော့​ ဒီ ငြိမ်း​ချမ်း​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​ဒေါ်စုရဲ့​ ကမ်း​လှမ်း​ချက်အ​ပေါ်မှာ ဆရာကြီး​ရဲ့​ အမြင်ကို ​ပြောပြ​ပေး​ပါခင်ဗျ။ “ဟုတ်ကဲ့​ ​ကောင်း​တာ​ပေါ့​ဗျ၊​ ငြိမ်း​ချမ်း​ရေး​လုပ်တယ်ဆိုတာ ​ကောင်း​တဲ့​အလုပ်ပဲ။ အခုလူ​တွေက ငြိမ်း​ချမ်း​ရေး​ထက် စစ်​ရေး​နဲ့​ လက်နက်ကို အား​ကိုး​တတ်ကြတယ်။ လက်နက်နဲ့​ ချဉ်း​ကပ်ချင်တယ်၊​ အဲဒါ မမှန်ဘူး​ခင်ဗျ။ ကမ္ဘာဦး​ကတည်း​က လက်နက် သုံး​ခဲ့​တာမဟုတ်ဘူး​။ ကမ္ဘာဦး​အစ​လေ၊​ ​နောက်ပိုင်း​တော့​ ဘုရင်​တွေ ​ပေါ်လာ​တော့​ လက် နက်အား​ကိုး​လာတာ။ ကျ​နော်တို့​က​တော့​ ငယ်ငယ်ကတည်း​က ငြိမ်း​ချမ်း​ရေး​ကို ကြိုက် တယ်။ အဲဒီအချိန်တုန်း​က သိပ်လှုပ်ရှား​မှု​တွေ မရှိ​သေး​ဘူး​။ လုပ်ရှား​မှု မရှိတဲ့​ အချိန်ကျ​တော့​ ဆရာကြီး​ သခင်ကိုယ်​တော်မှိုင်း​က ဂျူဗလီ​ဟောမှာ ကျ​နော်တို့​ ငြိမ်း​ချမ်း​ ​ရေး​ ညီလာခံလုပ်တယ်​လေ။ ငြိမ်း​ချမ်း​ရေး​ ကွန်ဂရက်လို့​ ​ခေါ်တာ​ပေါ့​။ ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ ကွန်ဂရက်လုပ်တဲ့​အခါမှာ ကျ​နော်တို့​ ပါတယ်။ ဥက္ကဌက​တော့​ ဆရာကြီး​ခင်ကိုယ် ​တော်မှိုင်း​ပေါ့​။ ဒုတိယဥက္ကဋ္ဌက သခင်​လေး​မောင်တို့​၊​ ဦး​ထွန်း​အောင်​ကျော်တို့​၊​ ဘုန်း​ကြီး​ တပါး​က ဘွဲ့​တော့​ ​မေ့​နေပြီဗျ။ ဘုန်း​ကြီး​ဘွဲ့​တွေ ပါလိလိုဆို​တော့​ နည်း​နည်း​ရှုပ်တယ်။ ကျ​နော့်​ကိုလည်း​ ဒုတိယ ဥက္ကဋ္ဌဆိုပြီး​ ခန့်​တယ်။ ၁၉၅၂ ​နောက်ကျ​တော့​ ဂျူဗလီ ​ဟောကြီး​ကို ဖျက်လိုက်တယ်ဗျ။ ဖျက်ပြီး​တော့​ အခု စစ်ပြတိုက်လုပ်ထား​တယ်။ စစ်ပြ တိုက်ကလည်း​ မမှန်ပါဘူး​ဗျာ၊​ သူတို့​က ပညာသိပ်တတ်တာမဟုတ်ဘူး​ခင်ဗျ။ အဲဒါ ​ကြောင့်​ ကျ​နော်က ငြိမ်း​ချမ်း​ရေး​လုပ်တာကို ဘယ်သူပဲ လုပ်လုပ် ကြိုက်ပါတယ်။ ​ကောင်း​ လည်း​ကောင်း​တယ်။ ငြိမ်း​ချမ်း​ရေး​မရှိဘဲနဲ့​ ဘာမှ လုပ်လို့​ ရမှာမဟုတ်ဘူး​။ ဗမာပြည်က ဘယ်လိုဖြစ်သွား​လဲဆို​တော့​ စစ်သမား​တွေ လက်ထဲကို အုပ်ချုပ်​ရေး​ ​ရောက်သွား​တဲ့​ အခါကျ​တော့​ သူတို့​က သူတို့​လုပ်ချင်သလို လုပ်တာ။ အဲဒီမှာ ငြိမ်း​ချမ်း​ရေး​ကို သူတို့​က သိပ်မကြိုက်ဘူး​။ သူတို့​က လက်နက်ရှိမှ ရပ်တည်လို့​ ရမယ် လို့​ထင်တယ် မဟုတ်ပါဘူး​။ အဲဒီလို အ​ခြေအ​နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဗိုလ် ​အောင်ဆန်း​ရဲ့​သမီး​ ငြိမ်း​ချမ်း​ရေး​ စကား​ပြောတာ ကျ​နော်တို့​ ကြိုက်တာ​ပေါ့​ဗျာ။” အခု ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​မှုနဲ့​ ပတ်သက်လို့​ရော ဆရာကြီး​ရဲ့​ အမြင်သ​ဘောထား​လေး​ကို ​ပြောပြပါ။ “ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​တာ ကြိုက်တာ​ပေါ့​ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည်လို လူက ငြိမ်း​ချမ်း​ရေး​လုပ်တယ်ဆို​တော့​ ပို​ကောင်း​တာ​ပေါ့​။ သူက လူကြည်ညိုတဲ့​လူ။ သူကိုယ်တိုင်ကလည်း​ ပညာတတ်တယ်။ ​နောက်ပြီး​တော့​ သူ့​အ​ဖေကလည်း​ ဗမာပြည်ရဲ့​ခေါင်း​ဆောင်ဆို​တော့​ ​ကောင်း​တာ​ပေါ့​ အဲဒါ။ သူ ကမ်း​လှမ်း​တာ ​ကောင်း​တယ် ကျ​နော် ကြိုက်တယ်။” အဲဒီ​တော့​ ကျန်တဲ့​လူ​တွေရဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ချက်ထက်စာရင် ​ဒေါ်​အောင်ဆန်း​စုကြည်ဆိုလို့​ရှိရင်လည်း​ ဥပမာ ဗမာပြည်က တိုင်း​ရင်း​သား​တွေ​ရော ပြည်တွင်း​မှာ ​မြေပြန့်​ကလူ​တွေက​ရောက ​ထောက်ခံတယ်ဆိုတဲ့​ အသံ​တွေက ကျယ်ကျယ်ပြန့်​ပြန့်​ ​ပေါ်ထွက်​နေတယ် ဆို​တော့​ ဒီ ​ဒေါ်​အောင်ဆန်း​စုကြည် ကြား​ဝင်​ဆောင်ရွက်မယ်ဆိုလို့​ရှိရင် အစိုး​ရဘက်က​ရော၊​ ကာယကံရှင် တိုင်း​ရင်း​သား​တွေက​ရော၊​ ပြည်​တွေက​ရော ဘယ်လို အခန်း​ကဏ္ဍ​တွေက ပါသင့်​ပါသလဲ ဆရာကြီး​။ “တိုင်း​ရင်း​သား​တွေက​တော့​ ကျ​နော်တို့​ တပြည်တည်း​ တ​မြေတည်း​သား​ လူ​တွေ​လေ။ အဲဒီလူ​တွေက ​ထောက်ခံတယ်ဆို​တော့​ ပို​ကောင်း​တာ​ပေါ့​။ ကျ​နော်က​တော့​ ကြိုက်တယ်ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည် တ​ယောက်တည်း​လုပ်တာတင် မဟုတ်ဘူး​၊​ တပြည်လုံး​ပါလာ​အောင် တပြည်လုံး​လည်း​ ငြိမ်း​ချမ်း​ရေး​စိတ်​တွေ ရှိတယ်။ ဒီက လူ​တွေက ဖမ်း​ချင် ဆီး​ချင်၊​ တား​ချင် ဆီး​ချင်​တော့​ ခွကျတယ် အဲဒါ​လေး​ တခုပဲ။” ဒေါ်​အောင်ဆန်း​စုကြည်က ဒီ​ခေါင်း​ဆောင်ပိုင်း​က​နေ ကမ်း​လှမ်း​သလို ​အောက်​ခြေမှာ​ရော ငြိမ်း​ချမ်း​ရေး​ကွန်ရက်​လေး​တွေ ဖွဲ့​ပြီး​ လုပ်ရင်​ရော အဆင်မ​ပြေနိုင်ဘူး​လား​ ဆရာကြီး​။ “အဲဒါလည်း​ ​ပြေနိုင်ပါတယ် ​ကောင်း​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ လုပ်နိုင်​လေ ​ကောင်း​လေပဲ။ တကမ္ဘာလုံး​ အခုက ဆူတဲ့​ သ​ဘော​ပေါ့​ဗျာ။ ငြိမ်း​ချမ်း​ရေး​ သိပ်ကြိုက်တဲ့​ လူနဲ့​ စစ်ဘက်ကြိုက်တဲ့​လူက အခုက ဖြစ်​နေကြတာကိုး​ အ​ရှေ့​အလယ်ပိုင်း​မှာ။ ကရာဖီဆိုလို့​ရှိရင် သူ့​အ​ခြေအ​နေက ထွက်​ပြေး​ရမလို ဖြစ်​နေပြီ။ အား​လုံး​က ဝိုင်း​တွန်း​ကြတာ​ပေါ့​။ အဲဒီ​တော့​ ဥ​ရောပသမဂ္ဂကလည်း​ ငြိမ်း​ချမ်း​ရေး​ပဲ။ ကျ​နော်တို့​ အခု အ​ရှေ့​တောင်အာရှအသင်း​ပေါ့​ဗျာ အဲဒါကလည်း​ ငြိမ်း​ချမ်း​ရေး​ ငြိမ်း​ချမ်း​ရေး​တွေ အခုတ​လော ​ပြောကြတယ်ဗျ။ ငြိမ်း​ချမ်း​ရေး​အသံ​တွေ ကြား​နေရတယ်။ အဲဒါ​တော့​ ​ကောင်း​တဲ့​လက္ခဏာ ကျ​နော် တ​ယောက်တည်း​အမြင်​လေ။” တကယ်လို့​ အစိုး​ရဘက်က​ရော၊​ တိုင်း​ရင်း​သား​တွေဘက်က​ရော ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို ကြိုဆိုတယ်ဆိုရင် ဆရာကြီး​က​ရော ငြိမ်း​ချမ်း​ရေး​ကော်မတီထဲမှာ ဒီအသက်အရွယ်နဲ့​ ပါနိုင်ဦး​မလား​။ ဆရာကြီး​ စိတ်အား​ထက်သန်မှု ရှိ​သေး​လား​။ “ကျ​နော် စိတ်အား​ထက်သန်ပါ​သေး​တယ်။ ငြိမ်း​ချမ်း​ရေး​မှတပါး​ ကမ္ဘာကြီး​ကို ကယ်နိုင်တဲ့​ နည်း​လမ်း​ဆိုတာ မရှိဘူး​ ငြိမ်း​ချမ်း​ရေး​ အင်အား​စုပဲ ရှိမယ်။” ဆရာကြီး​ ပါဖို့​ အဆင်သင့်​ပဲ​ပေါ့​ အဲဒီလိုလား​ ဆရာကြီး​။ “ပါမှာပဲ ကျ​နော်က​တော့​ ပါရမှာ။ ပါဆို ငယ်ငယ်တုန်း​က​လောက် ဖျတ်လတ်မှု မရှိဘူး​ပေါ့​ဗျာ။ ဒါကလည်း​ အသက်အရွယ်က အသက်ကြီး​တဲ့​အထဲ ပါ​နေပြီ။ ပိုပြီး​တော့​ ကျ​နော် ခိုင်ခိုင်မာမာ ယုံကြည်လာတယ်ဗျ။ မငြိမ်း​ချမ်း​ရင် ဘာမှ လုပ်လို့​မရဘူး​။ ငြိမ်း​ချမ်း​မှသာလျှင် လယ်ယာစိုက်ပျိုး​ရေး​လည်း​ ​ကောင်း​မယ်။ စက်မှုလက်မှုကလည်း​ လူ​တွေ နား​လည်လာမယ်။ လူ​တွေက လုပ်ချင်တယ်ဗျ။ တချို့​က တား​တဲ့​လူ​တွေက ရှိ​နေလို့​။ တား​တဲ့​ အင်အား​စုဆိုတာက အုပ်စိုး​တဲ့​လူ​တွေက​ပေါ့​၊​ ဒိပြင်လူ​တွေက​တော့​ သိပ်မပါပါဘူး​။ ​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်ကိုလည်း​ လူမျိုး​စု​တွေ ရှိတယ်မဟုတ်လား​။ ရှမ်း​တို့​၊​ ကချင်တို့​၊​ ချင်း​တို့​၊​ မွန်တို့​၊​ ကရင်တို့​၊​ အဲဒီလူ​တွေထဲက ရခိုင်တို့​ကလည်း​ ကြိုက်ကြတယ်၊​ ငြိမ်း​ချမ်း​ရေး​ကို အခု ငြိမ်း​ချမ်း​ရေး​စကား​ ​တော်​တော်​ပြောကြတယ်။ ကျ​နော်တို့​ လုပ်ကြည့်​မှ သိမှာ။” တကယ်လို့​သာ ​ဒေါ်စုလုပ်ခွင့်​ရလို့​ရှိရင် ဗမာပြည်မှာ ငြိမ်း​ချမ်း​ရေး​လမ်း​က နှစ်​ပေါင်း​ ၆၀ ​လောက် ပိတ်​နေရာက​နေ ပွင့်​လာမယ့်​ သ​ဘောရှိတယ်​ပေါ့​ ဆရာကြီး​၊​ အဲလိုသ​ဘောလား။ “ချက်ချင်း​တော့​လည်း​ ဖြစ်မယ်မဖြစ်ဘူး​ ကျ​နော်လည်း​ မ​ပြောတတ်ဘူး​။ ဖြစ်နိုင်ရင်​တော့​ ​ကောင်း​တယ်။ ငြိမ်း​ချမ်း​ရေး​မရှိရင် ဘာမှ လုပ်လို့​ မရဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024