DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်များ​ ခရီး​သွား​ခွင့်​ရပြီ
DVB
·
July 28, 2011
Donate to DVB

ရခိုင်ပြည်နယ် စစ်​တွေ၊​ သံတွဲ၊​ ​ကျောက်ဖြူ နဲ့​ ​ကျောက်နီ​မော် စတဲ့​မြို့​တွေမှာရှိတဲ့​ မွတ်စလင်ဘာသာဝင်​တွေ အရင်က ခရီး​သွား​လာခွင့်​ ကန့်​သတ်ခံထား​ရ​ပေမယ့်​ အခု ခရီး​သွား​ခွင့်​ရပြီလို့​ မွတ်စလင်ဘာသာဝင်တဦး​က ​ပြောပါတယ်။

မွတ်စလင် ဘာသာဝင်​တွေဟာ မြန်မာနိုင်ငံသား​ စိစစ်​ရေ ကတ်ပြား​ရှိရင် လွတ်လပ်စွာ ခရီး​သွား​လာခွင့်​ရှိ​ကြောင်း​ လူဝင်မှုကြီး​ကြပ်​ရေး​ကတဆင့်​ သတင်း​ရတယ်လို့​ သံတွဲမြို့​နေ မွတ်စလင်တဦး​က ​ပြောပါတယ်။

“စစ်​တွေ၊​ ​ကျောက်ဖြူ၊​ ရမ်း​ဗြဲ၊​ ​ကျောက်နီ​မော်၊​ သံတွဲ၊​ အဲဒီ​ဒေသ​တွေမှာ ရှိတဲ့​ မွတ်စလင်ဘာသာဝင် နိုင်ငံသား​တွေဟာ နိုင်ငံသား​ကတ် ရှိခဲ့​ရင် ခရီး​သွား​လာခွင့်​ကို လွတ်လပ်စွာ ခရီး​သွား​လာနိုင်တယ် ဆိုတဲ့​ သတင်း​ကို ကျ​နော်တို့​ လဝက ဆီက ရတာ​ပေါ့​။ သူတို့​ ဒီ ရက် ၂၀ ​လောက်ကတည်း​က ကျ​နော်တို့​ ဒီသတင်း​ ရတာပါ။ ဘာဖြစ်လို့​ သွား​လာခွင့်​ ပိတ်တာလဲဆို​တော့​ ကျ​နော်တို့​ စာတင်ထား​တာ​တွေ ရှိတယ်ဗျ ဥပ​ဒေ​ကြောင်း​အရ​လေ ဒီအစိုး​ရအ​ပေါ်မှာ ကျ​နော်တို့​ နိုင်ငံသား​ အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​နေမှုအ​ပေါ်မှာ ကျ​နော်တို့​ ၂၀၀၈ ဖွဲ့​စည်း​ပုံအရ နိုင်ငံသား​ရဲ့​ ခံစား​ခွင့်​တွေ ရရှိဖို့​၊​ ပညာသင်ကြား​ခွင့်​တွေ ရရှိဖို့​၊​ ကျန်း​မာ​ရေး​ဆေး​ကုသခွင့်​တွေ ရရှိဖို့​ ဆိုတဲ့​ ဥပ​ဒေ​တွေ ကျ​နော်တို့​က ​ထောက်ပြပြီး​တော့​ ကျ​နော်တို့​ စာတင်ခဲ့​ပါတယ်။ အဲဒီမှာ သူတို့​ စဉ်စား​တယ်လို့​လည်း​ ကျ​နော်တို့​က သုံး​သပ်မိတယ်​ပေါ့​။”

ရခိုင်ပြည်မှာ​နေထိုင်တဲ့​ မွတ်စလင်ဘာသာဝင်​တွေဟာ အရင်က ခရီး​သွား​လာခွင့်​ ပိတ်ပင်ကန့်​သတ်ခံထား​ရပြီး​ ခရီး​သွား​ရင် ခရီး​သွား​လာခွင့်​ ပုံစံ ၄ကို သက်ဆိုင်ရာဆီမှာ သွား​ယူ​နေကြရတာပါ။

နိုင်ငံခြား​သား​တွေ၊​ ဧည့်​နိုင်ငံသား​တွေ ပုံစံ ၄ ယူရသလို မြန်မာနိုင်ငံသား​စိစစ် ​ရေး​ကတ်ပြား​ ကိုင်​ဆောင်ထား​သူ​တွေပါ ပုံစံ ၄ ကို ယူပြီး​မှ ခရီး​သွား​ခွင့်​ရပါတယ်။ အခုနှစ် ဧပြီလအတွင်း​မှာ​တော့​ ခရီး​သွား​လာခွင့်​ပုံစံ မထုတ်​ပေး​တော့​ပါဘူး​။

ခရီး​သွား​လာခွင့်​ပိတ်ပင်ခံထား​ရမှု​ကြောင့်​ မွတ်စလင်ဘာသာဝင်​တွေဟာ စီး​ပွား​ရေး​ကျပ်တည်း​ပြီး​ စား​ဝတ်​နေရ​ရေး​အခက်အခဲနဲ့​ ကြုံ​တွေ့​ခဲ့​ရပါတယ်။

နိုင်ငံသား​တ​ယောက်အ​နေနဲ့​ လွတ်လပ်စွာသွား​လာခွင့်​ရတဲ့​အတွက် ဝမ်း​သာ​ကြောင်း​ သံတွဲမြို့​ခံ မွတ်စလင်တဦး​က ​ပြောပါတယ်။

“ဝမ်း​သာတာ​ပေါ့​ဗျာ။ အနှစ် ၂၀ ​လောက် ကျ​နော်တို့​မှာ ကျန်း​မာ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ ပညာ​ရေး​ အရမ်း​ကို ကျပ်တည်း​ခဲ့​တယ်​လေ။ ဒီအ​နေအထား​မှာ ဒီ နိုင်ငံ​တော်က ကျ​နော်တို့​ရဲ့​ ခံစား​ချက်​တွေကို သူတို့​ စာနာ​ထောက်ထား​ပြီး​တော့​ ဒီလိုမျိုး​ ကျ​နော်တို့​ကို နိုင်ငံသား​အဖြစ် အသိအမှတ်ပြုပြီး​တော့​ နိုင်ငံသား​အခွင့်​အ​ရေး​ မဆုံး​ရှုံး​အောင် အသိအမှတ်ပြုတာကို ကျ​နော်တို့​အ​နေနဲ့​ အများ​ကြီး​ ဝမ်း​သာတာ​ပေါ့​။ ဒီဟာ​တွေကိုလည်း​ ​နောက်ထပ် ဆုံး​ရှုံး​မှု​တွေ မဖြစ်​အောင် ကျ​နော်တို့​ဘက်က နိုင်ငံသား​ကောင်း​ ပီပီ နိုင်ငံတာဝန်ကို ​ကျေပွန်စွာနဲ့​ ​နေထိုင်သွား​ဖို့​လည်း​ အ​ရေး​ကြီး​ပါတယ်။”

ရခိုင်ပြည်နယ်ဘက် မွတ်စလင်ဘာသာဝင်​တွေ အခုလို လွတ်လပ်စွာ သွား​လာခွင့်​ရ​နေ​ပေမယ့်​ မန္တ​လေး​တိုင်း​ မိတ္တိလာမြို့​ဘက်က မွတ်စလင်ဘာသာဝင် ​တွေက​တော့​ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကပဲ သူတို့​ရဲ့​ ဘာသာဝင်သင်္ဂြိုင်း​ ဖျက်ဆီး​ခံရတဲ့​အတွက် ရုန်း​ရင်း​ဆန်ခတ်မှု ဖြစ်ပွား​ခဲ့​ပါတယ်။ အခင်း​ဖြစ်ချိန် အာဏာပိုင်​တွေ​ရောက်လာပြီး​ ​ဖြေရှင်​ပေး​ခဲ့​သလို အ​စောင့်​အကြပ်​တွေလည်း​ ချထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013