မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက် ခရီးစဉ် ပြေးဆွဲမည်
DVB
·
February 2, 2016
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (အမ်အန်အေ) ရဲ့ တတိယအကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် ရန်ကုန် - ဘန်ကောက် ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်ပြေးဆွဲမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမ်အန်အေနာမည်နဲ့ ပြောင်းလဲပြီး နောက်ပိုင်းမှာ လေကြောင်းလိုင်းဟာ စင်ကာပူနဲ့ ဟောင်ကောင် ပြေးဆွဲနေရာကနေ ဘန်ကောက် ခရီးစဉ်ကိုပါ တိုးချဲ့လာတာပါ။
ရန်ကုန် - ဘန်ကောက် ခရီးစဉ်ကို နေ့စဉ် ပြေးဆွဲပေးမှာဖြစ်ပြီး လေယာဉ်လက်မှတ်ခ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
မြန်မာအမျိုးသား လေကြောင်းလိုင်းဟာ ပြည်ပခရီးစဉ်အဖြစ် ချင်းမိုင်နဲ့ တိုင်ပေတို့ကို ထပ်မံတိုးချဲ့ ပြေးဆွဲဖို့ စီစဉ်ထားပြီး ဒီလအတွင်းမှာ ဘိုးရင်းလေယာဉ်သစ်တစီး ထပ်မံရောက်ရှိလာမယ်လို့ ဆိုထားပါတယ်။