ဖားကန့်မြေစာပုံပြိုမှု ဓာတ်ပုံရိုက်သူတဦး မြေပိသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရွာနဲ့ တောမှော်ရွာကြားက အလယ်စခန်းမှာ မနေ့ မနက်ပိုင်းက  မြေစာပုံ ပြိုကျတာကြောင့် အနီးနားမှာ ဓာတ်ပုံရိုက်နေတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တဦး မြေပြိုထဲပါသွားပြီး သေဆုံးသွားတယ်လို့ ဒေသခံ ဦးခင်မောင်ချင်းက ပြောပါတယ်။ “လူတယောက်သေသွားတာက မြေပြိုတာကိုသူက ဓာတ်ပုံရိုက်ရင်းနဲ့ မြေကြီးထဲပါသွားတာ။ သူ့အသက် က ၁၈ နှစ်လောက်ပဲရှိမယ်။ သူကမြေကြီးပြိုတာကို ဓာတ်ပုံသွားရိုက်တာ။ ဓာတ်ပုံရိုက်တုန်း နောက်တ ခြမ်းပဲ့ကျတော့ ပါသွားတာပေါ့။ သူတယောက်ထဲဖြစ်တာလေ။ ကျန်တဲ့သူတွေ မပါပါဘူး။” အဆိုပါ ပြိုကျတဲ့မြေစာပုံဟာ နေမင်းကမ္ဘာ ကုမ္မဏီရဲ့ မြေစာပုံဖြစ်ပြီး အန္တရာယ်ရှိကြောင်း ဆိုင်းဘုတ်တပ်ထားတဲ့ နေရာလည်းဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စုပေါင်းမြေစာပုံမှာ ဖြစ်ပွားခဲ့ တဲ့ မြေစာပုံပြိုကျမှုမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး  မကြာခဏ မြေစာပုံပြိုကျမှုတွေ ထပ်မံဖြစ်ပွားနေ တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up