A d v e r t i s e m e n t With Us

နယ်စပ်တိုက်ပွဲအ​ရေး​ ပါတီများ​ အကန့်​အသတ်ဖြင့်​သာ လုပ်ခွင့်​ရ

နယ်စပ်တိုက်ပွဲ​တွေရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်နိုင်​ရေး​မှာ ပါဝင်အကျိုး​ဆောင်လိုတယ်လို့​ တိုင်း​ရင်း​သား​ပါတီ​တွေက ​ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူး​နေ့​က ​နေပြည်​တော်မှာလုပ်ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌနဲ့​ ​ရွေး​ကောက်ပွဲဝင်ပါတီ​တွေ ​တွေ့​ဆုံပွဲမှာ တင်ပြ​တောင်း​ဆိုလိုက်တာဖြစ်တယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ ​ခေါ် ကျား​ဖြူပါတီ ​ပြောခွင့်​ရသူ ဦး​စောသန်း​မြင့်​က အခုလို​ပြောပါတယ်။ “တိုင်း​ရင်း​သား​နဲ့​ ပတ်သက်တဲ့​ ပဋိပက္ခ စစ်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ ငြိမ်း​ချမ်း​ရေး​ကို ကျ​နော်တို့​ ရချင်ပါတယ်။ တကယ်လို့​ ကျ​နော်တို့​ ပါတီအ​နေနဲ့​ ပါဝင်ပြီး​တော့​ ဒီငြိမ်း​ချမ်း​ရေး​ ကိစ္စကို အကျိုး​ဆောင်နိုင်တယ်ဆိုရင်လည်း​ အကျိုး​ဆောင်ချင်တယ်​ပေါ့​။ ဒီနှစ်ချက်ကို ကျ​နော်တို့​က အဓိက တင်ပြတယ်​ပေါ့​လေ။” ကျား​ဖြူပါတီအပြင် ဖလုံစ​ဝေါ်၊​ ချင်း​နဲ့​ ရခိုင်တိုင်း​ရင်း​သား​ပါတီ​တွေကလည်း​ ​ထောက်ခံ​ဆွေး​နွေး​ တင်ပြကြတယ်လို့​ ​ပြောပါတယ်။ ပါတီ​တွေရဲ့​တင်ပြချက်ကို ​ကော်မရှင်ဥက္ကဋ္ဌက လွှတ်​တော်မှာတင်ပြဖို့​ ​ပြောတယ်လို့​လည်း​ ဆိုပါတယ်။ ကော်မရှင်ဥက္ကဋ္ဌရဲ့​ တုံ့​ပြန်​ပြောဆိုချက်နဲ့​ ပတ်သက်ပြီး​ ပါတီအ​နေနဲ့​ ဆက်လုပ်သွား​မှာ​တွေကိုလည်း​ ဦး​စောသန်း​မြင့်​က ခုလို​ပြောပြပါတယ်။ “နိုင်ငံ​ရေး​ပါတီ​တွေ လိုက်နာရမယ့်​ ဥပ​ဒေ​ဘောင်ထဲကပဲ လုပ်​ပေး​ပါ။ အခု ​လော​လောဆယ် ကိုယ်စား​လှယ်​တွေလည်း​ ပြည်နယ်လွှတ်​တော်​တွေမှာလည်း​ အများ​ကြီး​ရှိတယ်၊​ ပြည်​ထောင်စုလွှတ်​တော်မှာလည်း​ ရှိတယ်။ ဒီ ဥပ​ဒေ​ဘောင်ထဲကပဲ တင်ပြ​ပေး​ပါ​ပေါ့​။ သူတို့​က အ​ဖြေ ဒီ​လောက်ပဲ​ပေး​တယ်။ ကျ​နော်တို့​က ဘယ်လိုလုပ်ရမလဲ။ ဒီအ​ဖြေက အား​ရစရာ မရှိ​ပေမယ့်​ ကျ​နော်တို့​ ဆက်လက်တင်ပြဖို့​ အ​ခြေအ​နေ အချိန်မ​ပေး​ဘူး​လေ။ အ​ခြေအ​နေလည်း​ မ​ပေး​ဘူး​ ကျ​နော်တို့​ တပါတီကို ၂ မိနစ်ပဲဆို​တော့​ ဘယ်လိုမှ တင်ပြလို့​မရဘူး​။ ပါတီအ​နေနဲ့​ လုပ်နိုင်တဲ့​အတိုင်း​အတာ လုပ်မယ်။ လုပ်မယ်ဆိုတာ ကျ​နော်တို့​ တိုက်ရိုက်ဆက်စပ်မှု​တော့​ မလုပ်ဘူး​။” လော​လောဆယ်မှာ ကျား​ဖြူပါတီအ​နေနဲ့​ နယ်စပ်တိုက်ပွဲ​တွေနဲ့​ပတ်သက်တဲ့​ အချက်အလက်​တွေကို စု​ဆောင်း​စိစစ်ပြီး​ ပြည်နယ်လွှတ်​တော်ကို ပုံမှန်တင်ပြ​နေတယ်လို သိရပါတယ်။ ပြည်နယ်လွှတ်​တော်ကလည်း​ အ​ကြောင်း​ပြန်တာ မရှိတဲ့​အ​ကြောင်း​နဲ့​ ပြည်​ထောင်စုလွှတ်​တော်ကိုသာ ဆက်တင်​ပေး​နေတယ်လို့​ ဆိုပါတယ်။ ဗုဒ္ဒဟူး​နေ့​က​တွေ့​ဆုံပွဲမှာ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​တင်​အေး​က နိုင်ငံ​ရေး​ပါတီ​တွေအ​နေနဲ့​ တရား​မဝင် အဖွဲ့​အစည်း​တွေနဲ့​ဆက်သွယ်ရင် ပါတီဖျက်သိမ်း​ခံရတဲ့​ထိ အ​ရေး​ယူခံရနိုင်တယ်လို့​ သတိ​ပေး​ ​ပြောကြား​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up