DVB Logo
Home
မြန်မာသတင်း
စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ရန် လိပ်ပြာမလုံဖြစ်ရသည်ဟုဆို
DVB
·
July 28, 2011
စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ရန် လိပ်ပြာမလုံဖြစ်ရသည်ဟုဆို
Donate to DVB

စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ဖို့​ လိပ်ပြာမလုံ ဖြစ်ရတယ်လို့​ မတူကွဲပြား​ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီက ထုတ်​ဖော်​ပြောဆိုလိုက်ပါတယ်။

မ​နေ့​က ​နေပြည်​တော်မှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌက ​ရွေး​ကောက်ပွဲဝင်ပါတီ​တွေကို ဖိတ်​ခေါ်ပြီး​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ကန့်​ကွက်ကြဖို့​ တိုက်တွန်း​တဲ့​အ​ပေါ်မှာ တုံ့​ပြန်လိုက်တာပါ။

မတူကွဲပြား​ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက သူ့​အ​နေနဲ့​ အရင်တုန်း​က နိုင်ငံတကာရဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို အစဉ်တစိုက် ဆန့်​ကျင်ခဲ့​ပေမယ့်​ လက်ရှိအစိုး​ရရဲ့​ပြည်တွင်း​ စီး​ပွား​ရေး​ပေါ်လစီမှာ ပြုပြင်​ပြောင်း​လဲမှု​တွေ မ​တွေ့​ရတဲ့​အတွက် ​နောက်ထပ် ကန့်​ကွက်ဖို့​ လိပ်ပြာမလုံ ဖြစ်ရတယ်လို့​ ​ပြောပါတယ်။

[caption id="attachment_13350" align="alignright" width="309" caption="ဦးနေမျိုးဝေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

“​ကော်မတီဥက္ကဋ္ဌက စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​ဖို့​ လုပ်ပါတဲ့​။ လုပ်လို့​မရ​တော့​ဘူး​ဗျ။ ကျ​နော်တို့​ စွမ်း​အား​တွေ ကုန်သွား​ပြီ။ ကျ​နော်တို့​ရဲ့​ သ​ဘောထား​တွေ၊​ အမြင်​တွေကို ထုတ်​ဖော်နိုင်တဲ့​ ဧရိယာပမာဏက ​ကျော်လွန်သွား​ပြီ။ ဘယ်လို​ကျော်လွန်သွား​လဲဆို​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကျ​နော်တို့​က တ​ကြော်​ကြော် တပူပူ တဆူဆူ ​အော်ဟစ်​နေလည်း​ မဖြုတ်​တော့​ဘူး​ဆိုတာ ကျ​နော်တို့​က သိသွား​ပြီ။ ဘာလို့​ မဖြုတ်​တော့​လည်း​ ဆို​တော့​ ဥပမာအား​ဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ မလွှတ်လို့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု လုပ်ထား​တယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​မှ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရပ်ဆိုင်း​မယ်ဆိုတာဟာ စီး​ပွား​ရေး​အ​ပေါ်မှာ နိုင်ငံ​ရေး​ဆိုဒ်က​နေပြီး​ လွှမ်း​မိုး​ပတ်သက်တယ်ဆိုတဲ့​သ​ဘောဗျ။ အဲသ​ဘော​လောက်ကို ​ပြောလို့​မရ​တော့​ဘူး​ဗျ အခုက။ စီး​ပွား​ရေး​ကို စီး​ပွား​ရေး​ဆန်ဆန် ကြည့်​မယ်ဆိုရင် မြန်မာပြည်မှာ လျှပ်စစ်မီး​ အ​ခြေအ​နေဘယ်လိုလဲ၊​ ​ငွေလဲနှုန်း​အ​ခြေအ​နေဘယ်လိုလဲ၊​ စီး​ပွား​ရေး​ဆိုဒ်ကပဲ ကျ​နော်ကြည့်​မှာ၊​ နိုင်ငံ​ရေး​ဆိုဒ်က လုံး​ဝမပါဘူး​။ ​ငွေလဲနှုန်း​ ပြင်ပြီး​ပြီလား​ အခုလက်ရှိနှုန်း​ကို။ မပြင်ရ​သေး​ရင် သဘာဝမကျဘူး​။ ကျ​နော်တို့​က အား​မရှိဘူး​။ လျှပ်စစ်မီး​လာ​အောင် လုပ်ထား​ပြီး​ပြီလား​။ ပြည်တွင်း​မှာ မလုံ​လောက်ဘဲနဲ့​ တရုတ်ကို ​ရောင်း​စား​ဖို့​ ကြံ​နေ​သေး​တယ်ဆိုရင် ဒါဟာ ပြဿနာရှိ​နေပြီ။ ကျ​နော်တို့​ ​ခေါ်လို့​မရဘူး​။ စီး​ပွား​ရေး​သီး​သန့်​ စဉ်း​စား​တဲ့​လိုင်း​မှာကို ကျ​နော်တို့​က အား​နည်း​တယ်။ အဲ​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရုပ်သိမ်း​ပေး​ဖို့​ ​ပြောဖို့​ ကျ​နော်တို့​က အား​မရှိဘူး​။ ​နောက်တခုက နိုင်ငံအတွင်း​မှာ ​သေချာကျန်ခဲ့​မယ့်​ ​မော်​တော်ကား​စက်ရုံကြီး​တွေပဲ ချချ၊​ တခုခုချမယ်ဆိုရင် ​မြေပိုင်ဆိုင်မှု​တွေက ဘယ်လိုသ​ဘောထား​မလဲ။ လမ်း​ဖောက် တံတား​ဆောက်မယ်ဆိုရင်​ရော အဲဒီ​မြေ​တွေကို သိမ်း​ကြ၊​ ဆည်း​ကြ၊​ ​လျော်ကြတဲ့​ ပုံပန်း​သဏ္ဌာန်​တွေက အတိအကျ ရှိပြီလား​ အဲဒီပြဿနာ​တွေ။

အဲဒီပြဿနာ​တွေက စဖြစ်တာ။ စီး​ပွား​ရေး​ဆန်ဆန် ပြဿနာ​တွေ ဖြစ်လာတဲ့​အခါကျ​တော့​ အဲဒီဟာ​တွေ မပြင်မချင်း​ ကျ​နော်တို့​က စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရုပ်သိမ်း​ပါ၊​ တို့​နိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံမှု လာလုပ်ပါလို့​ လက်မ​ထောင်ပြီး​တော့​ ​ခေါ်နိုင်တဲ့​ ကျ​နော်မှာ အ​နေအထား​မရှိပါဘူး​။ အဲ​တော့​ ကျ​နော်ဟာ လိပ်ပြာမလုံပါဘူး​။ အဲကိစ္စကို ဘယ်​တော့​မှ ​ပြောမှာမဟုတ်ပါဘူး​လို့​ ကျ​နော်​ပြောတာပါ။ ”

ဒါ့​အပြင် တိုင်း​ရင်း​သား​ဒေသ​တွေမှာ စစ်ပွဲ​တွေ ဆက်ရှိတာဟာ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ဖို့​ လိပ်ပြာမလုံဖြစ်ရတယ်လို့​ ဦး​နေမျိုး​ဝေက ဆိုပါတယ်။

မြန်မာပြည်မှာ စစ်အစိုး​ရလက်ထက်က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ဒဏ်ခတ်တဲ့​အ​နေနဲ့​ အထူး​သဖြင့်​ အ​မေရိကန်နဲ့​ ဥ​ရောပသမဂ္ဂ အဖွဲ့​ဝင်နိုင်ငံ​တွေက စီး​ပွား​ရေး​ ပိတ်ဆို့​ထား​တာပါ။

အစိုး​ရသစ်တက်လာတဲ့​နောက်ပိုင်း​ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလမှာ ဖလုံ-စ​ပေါ်၊​ ရှမ်း​၊​ ချင်း​၊​ ရခိုင်၊​ မွန်၊​ တိုင်း​ရင်း​သား​ ၅ ပါတီက စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရုပ်သိမ်း​ပေး​ဖို့​ ပူး​ပေါင်း​တောင်း​ဆိုခဲ့​ကြပါတယ်။

မ​နေ့​တုန်း​က ​ကော်မရှင်ဥက္ကဋ္ဌနဲ့​ ​တွေ့​တဲ့​အစည်း​အ​ဝေး​မှာ​တော့​ တိုင်း​ရင်း​သား​ညီ​နောင် ၅ ပါတီက တိုင်း​ရင်း​သား​ဒေသ​တွေမှာဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေကို ရပ်စဲဖို့​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ကြား​ဝင်​စေ့​စပ်​ပေး​နိုင်မည့်​ တတိယပုဂ္ဂိုလ် (Third Person) အဖြစ် ​ဆောင်ရွက်​ပေး​ဖို့​ အသင်ရှိတဲ့​အ​ကြောင်း​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ထံ အသိ​ပေး​ခဲ့​ပါတယ်။

စီး​ပွး​ရေး​ပိတ်ဆို့​မှုနဲ့​ပတ်သက်လို့​ ပြီး​ခဲ့​တဲ့​မေလတုန်း​က​တော့​ အ​မေရိကန်သမ္မတ အိုဘား​မား​က မြန်မာပြည်မှာ အ​မေရိကန် ရင်း​နှီး​မြှုပ်နှံမှု​တွေကို ကန့်​သတ်တဲ့​ ဥပ​ဒေကို တနှစ်သက်တမ်း​ တိုး​ခဲ့​သလို၊​ အ​မေရိကန် ​အောက်လွှတ်​တော်ကလည်း​ ၂၀၀၃ ခုနှစ်က ချမှတ်ထား​တဲ့​ မြန်မာ့​ကျောက်မျက်​တွေနဲ့​ ပို့​ကုန်​တွေပိတ်ပင်တာ၊​ အစိုး​ရ​ခေါင်း​ဆောင်​တွေကို ပြည်ဝင်ခွင့်​ ဗီဇာပိတ်ပင်တဲ့​ ဥပ​ဒေကို ပြီး​ခဲ့​တဲ့​ တပတ်ကပဲ ​နောက်တနှစ် ထပ်မံသက်တမ်း​တိုး​ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် ​ခေါင်း​ဆာင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုရုပ်သိမ်း​မှုမတိုင်ခင်မှာ အဖမ်း​ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်ဖို့​နဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေလုပ်ဖို့​ လိုအပ်တယ်လို့​ ​ဖေ​ဖော်ဝါရီလ အတွင်း​မှာ သ​ဘောထား​ထုတ်ပြန်ထား​ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013