ပြည်သူ့လွှတ်တော်အကြီးအကဲများအဖြစ် ဦးဝင်းမြင့်နှင့်ဦးတီခွန်မြတ် ကတိသစ္စာပြု (ရုပ်သံ)
DVB
·
February 1, 2016
ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမ ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်တို့ကို အတည်ပြုခဲ့ပြီးနောက် အကြီးအကဲနှစ်ဦးက ကတိသစ္စာပြုခဲ့ကြပါတယ်။
အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ချောင်းဆုံအမတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က တိုင်တည်ပေးခဲ့တာဖြစ်ပြီး ဦးဝင်းမြင့်နဲ့ ဦးတီခွန်မြတ်တို့က တလှည့်စီ ကတိသစ္စာပြုခဲ့ကြပါတယ်။