DVB Logo
Home
မြန်မာသတင်း
သမ္မတဦး​သိန်း​စိန် ဟင်္သာတမှာ ဥပ​ဒေစိုး​မိုး​ရေး​ မှာကြား
DVB
·
July 27, 2011
သမ္မတဦး​သိန်း​စိန် ဟင်္သာတမှာ ဥပ​ဒေစိုး​မိုး​ရေး​ မှာကြား
Donate to DVB

နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန် ဟင်္သာတမြို့​တော်ခန်း​မမှာ ဆင်း​ရဲမွဲ​တေမှုပ​ပျောက်​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ သဘာဝ​ဘေး​ အန္တရာယ်ကျ​ရောက်မှုအ​ပေါ် တုံ့​ပြန်​ရေး​ စတာ​တွေ ​ပြောသွား​တယ်လို့​ သွား​တက်သူနဲ့​ နီး​စပ်သူ​တွေက ​ပြောပါတယ်။

[caption id="attachment_13314" align="alignright" width="360" caption="ဦးသိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ဌာနဆိုင်ရာ​တွေ၊​ ခရိုင်တွင်း​က မြို့​မိမြို့​ဖ​တွေနဲ့​ ဒီ​က​နေ့​တနာရီခန့်​တွေ့​ရာမှာ အခုလို​ပြောကြား​သွား​တာလို့​ ဆိုပါတယ်။

“ဆင်း​ရဲမွဲ​တေမှု ပ​ပျောက်​ရေး​ပေါ့​ဗျာ။ အဲဒါ​တွေ ရပ်ကွက်အတွင်း​မှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ပေါ့​။ အဲဒီအတွက် ချဲထီ၊​ နှစ်လုံး​ထီ ​လောင်း​ကစား​တွေ ပ​ပျောက်​အောင်၊​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ ပြည်သူ​တွေ ​နေနိုင်​အောင် ဒါ​တွေ လမ်း​ညွှန်ချက် ​ပေး​တာ​ပေါ့​။ ​ရေကြီး​တော့​လည်း​ ဒီလို သဘာဝ​ဘေး​အန္တရာယ်​တွေ ကျ​ရောက်လာတဲ့​အချိန်မှာ အာဏာပိုင်အဖွဲ့​အစည်း​က​နေပြီး​တော့​ အချိန်မီ ကာကွယ်နိုင်ဖို့​ အကူအညီ​တွေ ​ပေး​ဖို့​ပေါ့​ လူကြီး​စကား​ပေါ့​ဗျာ၊​ ကြား​ကောင်း​အောင်​တော့​ ​ပြောသွား​တာ​ပေါ့​။”

သမ္မတကို ​ဆွေး​နွေး​ပွဲ တက်​ရောက်သူ​တွေက ပြန်လည်​ဆွေး​နွေး​နိုင်ခြင်း​ မရှိဘူး​လို့​ ​ပြောပါတယ်။

“ဒီမှာ ကျ​နော်တို့​ ဖြစ်​စေချင်တာက သမ္မတ တ​ယောက်လာတယ်ဆိုရင် ကျ​နော်တို့​ ဒီရပ်ကွက်ကို ကိုယ်စား​ပြုတဲ့​လူ​တွေ၊​ မြို့​ကို ကိုယ်စား​ပြုတဲ့​လူ​တွေ အကုန် ​ဆွေး​နွေး​ပွဲလိုဟာမျိုး​ တက်ပြီး​တော့​ ​ဒေသတွင်း​မှာ ဖြစ်ပျက်​နေတဲ့​ဟာ​တွေကို တကယ် ပွင့်​ပွင့်​လင်း​လင်း​ ​ပြောရမယ် ထင်တာ​ပေါ့​။ ကျ​နော်တို့​တောင်မှ သွား​ချင်တာ တကဲကဲ သွား​လို့​မရဘူး။ သွား​လို့​ မရတဲ့​အခါကျ​တော့​ သူတို့​ပြောတာကို နား​ထောင်တဲ့​လူ​တွေ​လောက်ပဲ တက်ရတာ ဘာမှ ပြန်​ဆွေး​နွေး​လို့​ မရဘူး​။ သူတို့​ဟာ သူတို့​ နိုင်ထက်ဆီး​နင်း​လုပ်ထား​တဲ့​ သမ္မတဆို​တော့​ နဂို ဗိုလ်ချုပ်နဲ့​တော့​ ဘာထူး​မလဲဗျာ။ အရပ်စကား​ပြောရမယ်ဆိုရင်​တော့​ အ​ကြောင်း​မညီညွတ်လို့​ ​ဘောင်း​ဘီချွတ်လိုက်တဲ့​ သ​ဘောပဲ။”

သမ္မတ ဦး​သိန်း​စိန်ရဲ့​ခရီး​စဉ်မတိုင်ခင် ဇူလိုင် ၂၆ ရက်​နေ့​ကတည်း​က ဧရာဝတီတိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​သိန်း​အောင်တို့​ ကြို​ရောက်​နေသလို အရင်စစ်အစိုး​ရလက်ထက်တုန်း​ကအတိုင်း​ပဲ စစ်သား​၊​ ရဲ၊​ လုံခြုံ​ရေး​ တင်း​ကျပ်ထား​တယ်လို့​ ဆိုပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013