DVB Logo
Home
မြန်မာသတင်း
ယနေ့ ပြည်သူ့လွှတ်တော်ကို အစီအစဉ် ၁၅ ခုဖြင့် ကျင်းပမည်
DVB
·
February 1, 2016
ယနေ့ ပြည်သူ့လွှတ်တော်ကို အစီအစဉ် ၁၅ ခုဖြင့် ကျင်းပမည်
Donate to DVB

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမ ရက်မြောက်နေ့ကို အစီအစဉ် ၁၅ ခု နဲ့ ကျင်းပမှာဖြစ်ပါတယ်။

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပခြင်း၊

၂။ သဘာပတိတင်မြှောက်ခြင်း၊

၃။ သဘာပတိနေရာယူခြင်း၊

၎။ သဘာပတိ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

၅။ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊

၆။ ပြည်သူ့လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊

၇။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခြင်း၊

၈။ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခွင့်ပန်ကြားခြင်းနှင့် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

၉။ ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့ အစီအစဉ်ကြေညာခြင်း၊

၁၀။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊

၁၁။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊

၁၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

၁၃။ ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း၊

၁၄။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊

၁၅။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013